မြောက်ကိုရီးယား ဖိအားပေးဖို့ ကန်နဲ့ ဂျပန်သဘောတူ

  • 18 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EUGENE HOSHIKO
Image caption မိုက်ပန့်စ်နဲ့ အာဘေး တိုကျိုမှာတွေ့

မြောက်ကိုရီးယား အဏုမြူ အစီအစဉ်ကို စွန့်လွှတ်ရေး အတွက် သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားတွေတိုးပေးဖို့ အမေရိကန်နဲ့ ဂျပန် နိုင်ငံတို့ သဘောတူလိုက်ပါတယ်။

တိုကျိုမှာ ရောက်နေတဲ့အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ် က အမေရိကန် အနေနဲ့ သူ့အဆို ဒေသတွင်းက မဟာမိတ် တွေ ရင်ဆိုင်နေရတဲ့ ဆိုးရွားလှတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို မဟာမိတ်တွေ အားလုံးနဲ့ အတူ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုဖိအားပေးတာတွေ မပါဘဲ ဆွေးနွေးညှိနှိုင်းတာဟာ အဓိပ္ပာယ်မရှိဘူး လို့လည်း ဂျပန် ဝန်ကြီးချုပ် အာဘေးက မိုက်ပန့်စ်ကို ပြောကြား ခဲ့ပါတယ်။

အမေရိကန်က တိုက်ခိုက်ဖို့ ပြင်မယ်ဆိုရင် အဏုမြူနဲ့ တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ