စတိတ်ရှိုး တစ်ပွဲထဲ အိုင်ဖုံး အလုံးရာကျော် ခိုးသူ

  • 19 ဧပြီ 2017
Image caption ကျောပိုးအိတ် တစ်ခုတည်းမှာတင် အိုင်ဖုန်း အလုံးရေ တစ်ရာကျော် တွေ့ခဲ့

အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကျင်းပတဲ့ ကိုချယ်လာ ဂီတပွဲမှာ အိုင်ဖုန်း ပျောက်သူတွေ သူတို့ရဲ့ ဖုန်းတွေနောက် ခြေရာကောက် လိုက်ကြတာမှာ ကျောပိုးအိတ် တစ်ခုတည်းမှာတင် အိုင်ဖုန်း အလုံးရေ တစ်ရာကျော် တွေ့ခဲ့ ကြရပါတယ်။

အိုင်ဖုန်းမှာ ပါတဲ့ "Find My iPhone" ဆိုတဲ့ အပလီကေးရှင်းကို သုံးပြီး ပြန်ရှာ ခဲ့ကြတာပါ။

အဲဒီ အိုင်ဖုန်း အပလီကေးရှင်းနဲ့ ချိတ်ထားတဲ့ ကွန်ပျူတာ တွေမှာ ဖုန်း ရှိနေတဲ့ အရပ်ကို တွေ့နိုင်ကြတာ ဖြစ်ပါတယ်။

ဂီတပွဲက လစ်ထွက်သွားတဲ့ ခိုးသူလို့ ယူဆရသူ နောက်လည်း ရဲက နောက်ယောင်ခံ လိုက်နိုင်ခဲ့ပြီး လက်ရ ဖမ်းဆီး နိုင်တယ်လို့ အင်ဒီအိုမြို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုဆိုရင် ဖုန်းအားလုံးကို ပိုင်ရှင်တွေ လက်ထဲ ပြန်ပေး နိုင်ခဲ့ပါပြီ။

ပွဲကြိုက်မောင် ပွဲကြိုက်ခင်တွေကို ရဲတပ်ကြပ်ကြီး ဒင်မာရှယ်က ဂဇ်မိုဒို ဆိုတဲ့ နည်းပညာ ဝက်ဘ်ဆိုက် ကနေတဆင့် အကြံပေးထားတာ ကတော့ ….

•တန်ဖိုးရှိတဲ့ ပစ္စည်းဆို ဘောင်းဘီ နောက်အိတ်ထဲ ထိုးထည့် ထားတာမျိုး မလုပ်ပဲ၊ ကိုယ့်မျက်စိရှေ့မှာ ထားပါ။

•နောက်ပြီး အဖိုးတန် ပစ္စည်းတွေ ဥပမာ- လက်ကိုင်ဖုန်း၊ နာရီ စတာတွေကို သိမ်းမယ်ဆို တနေရထဲ စုပြီး မသိမ်းပဲ၊ ခွဲပြီး သိမ်းပါ။

•နောက်၊ တကယ် ကိုင်တဲ့ ပိုက်ဆံအိတ် အပြင် သူခိုးနဲ့ ခါးပိုက်နှိုက်တွေကို လှည့်ဖြားဖို့ရာ တန်ဖိုးကြီးတာတွေ ထည့်မထားတဲ့ နောက် အိတ်တစ်ခုလည်း ဆောင်ထား သင့်တယ်လို့ ရဲဆာဂျင် ဒင်မာရှယ်က အကြံပြု ထားပါတယ်။