ဗင်နီဇွဲလားဆန္ဒပြပွဲ ၂ ယောက် ပစ်သတ်ခံရ

  • 19 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြပွဲတကာရဲ့ မိခင်လို့ တင်စားခေါ်ဝေါ်

ဗင်နီဇွဲလား နိုင်ငံ မှာ သမ္မတ နိကိုလပ်စ် မဒူးရိုး အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အတွင်း အနည်းဆုံး လူ ၂ ယောက် ပစ်သတ်ခံခဲ့ရပါတယ်။

ဆယ်ကျော်သက် လူငယ် တယောက် ကရားကပ်စ် မြို့တော်မှာ သေဆုံးပြီး အမျိုးသမီး တဦးက တခြားတမြို့မှာ သေဆုံးခဲ့တာပါ။

သမ္မတ ရွေးကောက်ပွဲအသစ် ကျင်းပပေးဖို့ နဲ့ ဖမ်းထားတဲ့ အတိုက်အခံ နိုင်ငံရေး သမားတွေကို ပြန်လွှတ်ပေးဖို့ နိုင်ငံတလွှား မြို့ကြီးတွေမှာ လူတွေ သောင်းချီ ဆန္ဒပြနေကြ ပါတယ်။

ကရားကပ်စ် မြို့တော်မှာ လုံခြုံရေးတပ်တွေနဲ့ အစိုးရ ဘက်သား လက်နက်ကိုင်တွေက လူအုပ်ထဲကို မျက်ရည်ယိုဗုံးတွေ ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။

အတိုက်အခံတွေဘက်က ရဲတွေကို တိုက်ခိုက်ပြီး ဆိုင်တွေကို လုယက်တယ် လို့လည်း သမ္မတက စွပ်စွဲ ထားပါတယ်။

လူ ၃ဝ ကျော် ဖမ်းထားတယ်လို့လည်း ဆိုပါတယ်။

အစိုးရ ထောက်ခံသူတွေကလည်း မြို့တော်မှာ တန်ပြန် ဆန္ဒပြပွဲတွေ လုပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ