အဲမရိတ်စ်လေကြောင်း အမေရိက ခရီးစဉ်လျှော့ချ

  • 19 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒူဘိုင်း အခြေစိုက် အဲမရိတ်စ် လေကြောင်းလိုင်း

ဒူဘိုင်းမှာ အခြေစိုက်တဲ့ အဲမရိတ်စ် လေကြောင်းလိုင်းက အမေရိကကို ပျံတဲ့ လေယာဉ် ခရီးစဉ်တွေကို လျှော့ချ နေကြောင်း ကြေညာခဲ့ပါတယ်။

ဒါဟာ သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီး နောက်ပိုင်း လူဝင်မှု ကန့်သတ်ချက်တွေ ချမှတ်ခဲ့လို့ ဖြစ်ပါတယ်။

မွတ်ဆလင် နိုင်ငံ ၉ ခုက လာတဲ့ ခရီးသည်တွေကို ပြည်ဝင်ခွင့် ပိတ်ဖို့ ကြိုးစားတာ၊ နောက် လေယာဉ်ပေါ်မှာ လျှပ်စစ် အီလက်ထရောနစ် ပစ္စည်းတွေ သုံးတာကို ကန့်သတ်တာတွေကြောင့် အမေရိကကို သွားတဲ့ ခရီးသွား ဦးရေ လျှော့ကျလာတယ်လို့ ဆိုပါတယ်။

ဘော့စတွန်၊ အော်လန်ဒို၊ ဖို့လော်ဒါဒေးလ်၊ ဆီယက်တဲနဲ့ လော့ဆန်းဂျလိစ် မြို့တွေကို သွားတဲ့ ခရီးစဉ်တွေကို အဲမရိတ်စ် လေကြောင်းက လျှော့ချမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ