တောင်ကိုရီးယား စစ်တပ် က လိင်တူချစ်သူတွေ ကို ပြစ်မှတ်ထားလာ

  • 21 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားမှာ က လိင်တူ ချစ်သူ ထား တယ်ဆိုတဲ့ အပြုအမူဟာ မလုပ်ကောင်း မပြောကောင်း တဲ့ အရာလို့ သတ်မှတ်ထားကြဆဲ

တောင်ကိုရီးယား စစ်တပ်ထဲက အမျိုးသား ၂ ယောက် လိင် ဆက်ဆံနေကြတဲ့ ဗီဒီယိုဖိုင် တခုက အင်တာနက် ပေါ်မှာ ပျံ့ခဲ့ပါတယ်။

အဲဒီဖိုင် ဘယ်လိုလုပ် အင်တာ နက်ထဲ ကို ရောက်လဲ ဆိုတာ ကို သေချာစုံစမ်းစစ်ဆေးတာ တွေ တောင်ကိုရီးယား စစ်တပ်ထဲမှာ လုပ်လာတဲ့နောက် အဲဒီလို စုံစမ်း စစ်ဆေးရာ ကနေ စစ်တပ်ထဲမှာ ဘယ်သူ က လိင်တူ ချစ်သူလဲ ဆိုတာ ကို ဖော်ထုတ် ကြမယ့်အထိ ဖြစ်လာမှာ ကို စိုးရိမ်သူတွေ ရှိနေပါတယ်။

အခုဆိုရင် စစ်တပ် စုံစမ်းရေးအဖွဲ့ က သက်ဆိုင်သူတွေရဲ့ ဖုန်း မှတ်တမ်းတွေကို စိစစ်တာတွေ လုပ်နေပါပြီ။

တောင်ကိုရီးယားမှာ က လိင်တူ ချစ်သူ ထား တယ်ဆိုတဲ့ အပြုအမူဟာ မလုပ်ကောင်း မပြောကောင်း တဲ့ အရာလို့ သတ်မှတ်ထားကြဆဲပါ။

အဲလိုလိင်တူချင်းစုံမက် လူတွေကို ခရစ်ယာန် ဘာသာရေး အုပ်စုတွေ ကလည်း ပစ်မှတ်ထား ကြပါတယ်။

တောင်ကိုရီးယားမှာ က အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းတဲ့ ယောက်ကျားမှန်သမျှ စစ်မှုမထမ်း မနေရပါ။ ဒီတော့ လိင်စိတ်သဘာဝ ဘယ်လို ရှိပါစေ စစ်တပ် ထဲကိုတော့ မဝင်မနေရပါ။

အခုတော့ ချစ်သူရှာတဲ့ ဝက်ဆိုဒ် တွေ ကို စစ်တပ် က သုံးပြီး အကောင့်တွေ မှာ လိင်တူ ချစ်သူ အယောင်ဆောင်ကာ စစ်တပ်ထဲ က ပေါ်လာမယ့် လိင်တူချစ်သူတွေကို ဖော်ထုတ်တဲ့ ဟာတွေလည်း လုပ်နေတယ် လို့ စစ်တပ်အတွင်း လူ့အခွင့်အရေး ရှိရေး ဌာန အဖွဲ့ က ပြောပါတယ်။

အခုလို ဗီဒီယို ဖိုင် ကိစ္စ စုံစမ်းစစ်ဆေးရာ ကနေ တပ်ထဲမှာ ဘယ်သူတွေက လိင်တူ ဆက်ဆံသူလဲ ဆိုတာ ဖော်ထုတ်ကြပြီး တော့ ရာဇဝတ် သား အပြစ် ရှိသူတွေအဖြစ် ပစ်မှတ်ထားကြမှာ ကို လို လူ့အခွင့်အရေး အဖွဲ့တွေ က စိတ်ပူနေကြပါပြီ။