တာလီဘန်တွေ ဝင်စီးနင်းလို့ အာဖဂန် စစ်သား ၇ဝ ကျော် သေဆုံး

  • 21 ဧပြီ 2017
Image caption အစိုးရ စစ်ကူတွေ အပြင်းလိုက်သွား

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း၊ မဇာအီရှရစ်ဖ် မြို့ အပြင်ဘက်က အစိုးရ စစ်စခန်း တစ်ခု တာလီဘန်တွေ စီးနင်း တိုက်ခိုက်တာ ခံလိုက် ရလို့ အစိုးရ တပ်ဖွဲ့ဝင် အယောက် ၇ဝ ကျော် သေဆုံး ခဲ့ရတယ် ဆိုပြီး အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီမှာ ပစ်ခတ်မှုတွေ ဆက်လက် ရှိနေသေးပြီး အသေအပျောက် စာရင်းထဲ အရေအတွက် တိုးမြင့် လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်စခန်းထဲက ပလီဝတ်ကျောင်းကနေ သောကြာနေ့ စုပေါင်း ဝတ်ပြုပြီး ပြန်ထွက် လာသူတွေနဲ့ ထမင်း စားဆောင်တွေကို အာဖဂန် စစ်တပ် ယူနီဖောင်း ဝတ်ပြီး ရုပ်ဖျက် ထားကြတဲ့ တာလီဘန်တွေက ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြတာပါ။

တပ်စခန်းရဲ့ ခံစစ်ကြောင်း စည်းရိုးတွေကို အသေခံဗုံးခွဲ ဖျက်စီးပြီး အထဲကို ဝင်နိုင်ခဲ့တယ်လို့ တာလီဘန်ဘက်က ထုတ်ပြန် ထားပါတယ်။

တာလီဘန် လက်နက်ကိုင် အနည်းဆုံး ၁ဝ ယောက်လည်း သေဆုံး ခဲ့ပြီး၊ ဒီတိုက်ခိုက်မှုကို သူတို့ ပြုလုပ်တာလို့ တာလီဘန် အဖွဲ့က ပြောခွင့်ရ ဇာဘီအူလ္လာ မိုဂျာဟိဒ် ဆိုသူက အတည် ပြုထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ