သိပ္ပံအတွက် ချီတက်ပွဲ

  • 22 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption လူ သောင်းနဲ့ချီ ပါဝင်ချီတက်

သိပ္ပံအတွက် ချီတက်ပွဲဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီးကို ကမ္ဘာတစ်ဝန်းက မြို့ ၅၀၀ ကျော်မှာ ကျင်းပနေပါတယ်။

နယူးဇီလန်နဲ့ သြစတြေးလျမှာဆိုရင် သောင်းနဲ့ချီတဲ့ လူတွေဟာ ဒီချီတက်ပွဲကြီးမှာ ပါဝင်ခဲ့ကြသလို လန်ဒန်မြို့မှာလည်း သိပ္ပံပြတိုက်ကနေ ပါလီမန်ထိ ချီတက်နေကြပါတယ်။

ဒီချီတက်ပွဲမှာ သိပ္ပံအထောက်အထားတွေအပေါ် နိုင်ငံရေးသမားတွေဘက်က မယုံကြည်မှုနဲ့ စော်ကားမှုတွေကို ကန့်ကွက်ကြတာ ဖြစ်ပြီး အမေရိကန်သမ္မတထရမ့်ရဲ့ သိပ္ပံဌာနတွေအပေါ် ဘဏ္ဍာရေး ဖြတ်တောက်မှုတွေကိုလည်း ဆန့်ကျင့်ကြပါတယ်။

ဝါရှင်တန်က ချီတက်ပွဲမှာ ပါဝင်မယ့် ရော့ကာဖဲလား တက္ကသိုလ်က သိပ္ပံပညာရှင် အန်းရစ်ချ် ဂျားဗစ္စကလည်း ဒီလို ချီတက်ကြတာက သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ကနေ သိပ္ပံပညာကို တိုက်ခိုက်နေတာက လူသားတွေအပေါ် တိုက်ခိုက်တာလဲဖြစ်တယ်လို့ ပါမောက္ခ ဂျားဗစ္စက ဆိုပါတယ်။

ဧပြီလ ၂၂ မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့နဲ့လည်း တိုက်ဆိုင်ပြီး ရာသီဥတုပြောင်းလဲမှုအပေါ် သိပ္ပံရဲ့ တွေ့ရှိချက်တွေကို မျက်ကွယ်မပြုဖို့လည်း တောင်းဆိုဆန္ဒပြကြပါတယ်။