သမ္မတ ရွေးကောက်ပွဲနေ့မှာ ပြင်သစ် တလွှား လုံခြုံရေး တင်းကြပ်

  • 23 ဧပြီ 2017
Image caption ဆန္ဒပြသူတွေဟာ ပူဖောင်း အနက်ရောင်တွေ၊ ပန်းရောင်တွေ လွှတ်တင် ခဲ့

ပြင်သစ် နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ပထမ အဆင့် ဒီကနေ့ ဧပြီလ ၂၃ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ ရှိနေကြတဲ့ ပြင်သစ် နိုင်ငံသား တွေကတော့ စနေနေ့ ကတည်းက မဲတွေ စတင် ထည့်ခဲ့ ကြပါတယ်။

ပဲရစ်မြို့တော်ရဲ့ အထင်ကရ အိုင်ဖယ်လ် မျှော်စင်ကြီး အနီးမှာတော့ ပြင်သစ် ရဲအမှုထမ်းတွေ စုဝေးလို့ ကြာသပတေး နေ့က ရဲတစ်ဦး အစ္စလာမ်စ် လက်နက်ကိုင် တစ်ယောက်ရဲ့ သတ်ဖြတ်တာ ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် ဆန္ဒပြခဲ့ ကြပါတယ်။

တာဝန်ချိန်မှာ ကျဆုံးသွားသူနဲ့ ကျန်ရစ်သူ မိသားစု အတွက် ရည်စူးလို့ ဆန္ဒပြသူတွေဟာ ပူဖောင်း အနက်ရောင်တွေ၊ ပန်းရောင်တွေ လွှတ်တင် ခဲ့ကြပါတယ်။

ရဲအမှုထမ်း သေဆုံးခဲ့တဲ့ နာမည်ကျော် ရှောင်ဇေလီဇေး လမ်းမကြီးပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ် ထားတဲ့ နေရာမှာလည်း ပဲရစ် မြို့သူမြို့သား တွေဟာ အမှတ်တရ ပန်းတွေ လာချ နေဆဲ ဖြစ်တာကို တွေ့နေရတယ် ဆိုပြီး ပြင်သစ် ရွေးကောက်ပွဲ သတင်းယူဖို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ အကြီးတန်း သတင်းထောက်က ဆိုပါတယ်။

ပြင်သစ် နိုင်ငံ လုံခြုံရေး အခြေအနေ အပေါ် စိုးရိမ် နေတဲ့ မြို့သူမြို့သားတွေ ရှိနေသလို၊ တခါ လုံခြုံရေး အကြောင်း ပြပြီး ဥရောပ သမဂ္ဂ အီးယူ ထဲကနေ ပြင်သစ် နှုတ်ထွက်ဖို့ အထိ ဖြစ်လာမှာကို စိုးရိမ် နေကြ သူတွေကိုလည်း တွေ့နေ ရတယ်လို့လည်း ပြောပါတယ်။

ပြင်သစ် နိုင်ငံတလွှား မှာတော့ သမ္မတ ရွေးကောက်ပွဲနေ့ အတွက် လုံခြုံရေး အင်အား ငါးသောင်းကျော် တိုးမြှင့် ချထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ