အမေရိကန်နိုင်ငံသားတဦး မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံရ

  • 23 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်နဲ့ မြောက်ကိုရီးယား အကြား တင်းမာမှုတွေ ကြီးထွားလာနေ

အမေရိကန် အစိုးရနဲ့ မြောက်ကိုရီးယား အစိုးရအကြား တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းလေဆိပ်ကနေ ထွက်ခွာဖို့ လုပ်နေတဲ့ အမေရိကန်နိုင်ငံသား တဦးကို မြောက်ကိုရီးယား အစိုးရက ထိန်းသိမ်းလိုက်တယ်လို့ အတည်ပြု သိရပါတယ်။

Tony Kim လို့လည်း သိကြတဲ့ ပါမောက္ခဟောင်း Kim Sang-duk ဟာ မြောက်ကိုရီးယား တက္ကသိုလ်တခုမှာ တလကြာ စာသင်ကြားပေးခဲ့အပြီး သောကြာနေ့က ပြုံယမ်းမြို့ကနေ ထွက်ခွာဖို့ အလုပ် လေဆိပ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ကို ဘာ့ကြောင့် ထိန်းသိမ်းခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ အသေအချာ မသိရသေးပါဘူး။

မြောက်ကိုရီးယား နိုင်ငံမှာ တခြား အမေရိကန် နိုင်ငံသား နှစ်ဦးလည်း မနှစ်က ထိန်းသိမ်းခံခဲ့ရပါတယ်။

ကိုးရီးယား ကျွန်းဆွယ်ဒေသကို သမ္မတ ထရမ့် စေလွှတ်ထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော တစင်းဟာ ဂျပန်စစ်သင်္ဘော နှစ်စင်းနဲ့အတူ ရေကြောင်းလေ့ကျင့်ရေးတွေ စလုပ်နေပြီ ဖြစ်ပါတယ်။

အဲဒီသင်္ဘောကို ပစ်ခတ်ပြီး ပင်လယ်ပြင်ထဲ နှစ်ပစ်မယ် ဆိုပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ