ပြင်သစ် သမ္မတလောင်း လက်ျာစွန်းပါတီ ခေါင်းဆောင်အဖြစ်ကနေ ထွက်မယ်။

  • 25 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သူဟာ ပြင်သစ် ပြည်သူအားလုံးရဲ့ သမ္မတ ဖြစ်လာမယ်လို့ မစ်စ် မာရီး လ ပဲန်းပြော

ပြင်သစ်နိုင်ငံမှာ လက်ျာစွန်းဝါဒီ သမ္မတလောင်း မာရီး လ ပဲန်း က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ပိုအာရုံစိုက်နိုင်ဖို့အတွက် National Front party ရဲ့ ခေါင်းဆောင်အဖြစ်ကနေ သူနှုတ်ထွက်မယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ပါတီခေါင်းဆောင်နေရာကို သူ့ဖခင်ဆီကနေ ၂၀၁၁ခုနှစ် ဇန္နဝါရီလက လွှဲပြောင်းယူခဲ့တဲ့ မစ်စ် လ ပဲန်း ဟာ လာမယ့်သီတင်းနှစ်ပတ်မှာ ကျင်းပမယ့် ဒုတိယအကျော့ သမ္မတရွေးကောက်ပွဲမှာ အလယ်အလတ်ဝါဒီ အီမဲန်ဝဲလ် မက်ခရောန်နဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရမှာပါ။

မစ္စတာ မက်ခရောန်ကို ထောက်ခံကြဖို့ ရွေးကောက်ပွဲ ပထမ အကျော့မှာ ရှုံးနိမ့်သွားခဲ့ကြတဲ့ ရှေးရိုးစွဲ ဝါဒီ ဖရောန်ဆွာ ဖီယောန် ၊ ဆိုရှယ်လစ် ဝါဒီ ဘနွား အာမောန် တို့နဲ့အတူ လက်ရှိသမ္မတ ဖရောန်ဆွာ အော်လန်း က တိုက်တွန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ