မြောက်ကိုရီးယားကို ပိတ်ဆို့မှုသစ် လုပ်ဖို့ လုံခြုံရေးကောင်စီကို ထရမ့်တိုက်တွန်း

  • 25 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုန်အွန်းက မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေ ဆက်လုပ်သွားမယ်လို့ အခိုင်အမာပြော

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်း မစ်ဆိုင်းဒုံး စမ်းသပ်မှုတွေကြောင့် မြောက်ကိုရီးယား အစိုးရအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်တခု ချမှတ်ဖို့ လုပ်သင့်တယ်လို့ အမေရိကန်သမ္မတ ထရမ့်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဆိုင်းဒုံး စီမံကိန်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီအနေနဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ပြင်ဆင်သင့်ကြောင်း၊ မြောက်ကိုရီးယားဟာ ကမ္ဘာ့နိုင်ငံတွေအတွက် တကယ့် အန္တရာယ်ဖြစ်ပြီး ဖာသိဖာသာနေနေလို့ မရတော့ပဲ ပြဿနာရှင်းဖို့ လိုကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဖွဲ့ဝင် နိုင်ငံတွေက သံအမတ်ကြီးတွေကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံစဉ် သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ လုပ်တောင့်လုပ်ခဲ လုပ်ရပ်တခုအနေနဲ့ သမ္မတ ထရမ့် အစိုးရက မြောက်ကိုရီးယား အခြေအနေကို လျှို့ဝှက် ရှင်းပြဆွေးနွေးဖို့ ဆီးနိတ်လွှတ်တော်အမတ် ၁၀၀စလုံးကို ဗုဒ္ဓဟူးနေ့က အိမ်ဖြူတော်ကို ဆင့်ခေါ်ခဲ့ပါတယ်။

မြောက်ကိုရီးယားအပေါ် သည်းခံစိတ် ကုန်သွားပြီဆိုတာကို ပြဖို့ အမေရိကန်က စိတ်အားထက်သန်နေတယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ