ပစ်သတ်ခံရတဲ့ရဲ ဂုဏ်ပြုပွဲ သမ္မတလောင်းတွေတက်

  • 25 ဧပြီ 2017
ဓာတ်ပုံ မူပိုင် IAN LANGSDON
Image caption စည်းလုံး ညီညွတ်ဖို့ ပြင်သစ် သမ္မတ တိုက်တွန်း

ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း က အကြမ်းဖက်မှုကို အချိန်ယူပြီး ခက်ခက်ခဲခဲ တိုက်ဖျက်ရမှာဖြစ်လို့ စည်းလုံး ညီညွတ်ကြပါလို့ ပဲရစ်မှာ ပစ်သတ်ခံရတဲ့ ရဲအရာရှိအတွက် ဂုဏ်ပြု ပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

အရင်ပတ်က ပဲရစ်မြို့တော်က ရှောင်ဇေလီဇေ လမ်းမကြီးပေါ်မှာ ရဲအရာရှိ Xavier Jugele မောင်းပြန် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယ အကြော့ ရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေ ဖြစ်တဲ့ အီမဲန်ဝဲလ် မက်ခရောန် နဲ့ မာရီး လ ပဲန်း တို့ ကြား လုံခြုရေးနဲ့ ပတ်သက်လို့ အပြန်အလှန် ပြောခဲ့ကြပြီးနောက် အခုလို ပြောတာလည်း ဖြစ်ပါတယ်။

သမ္မတလောင်းတွေကြားမှာ လုံခြုရေးဆိုင်ရာ ကိစ္စက အကြီးအကျယ် သဘောထား ကွဲလွဲနေကြပါတယ်။

မစ္စ လ ပဲန်း က နယ်စပ်ကိုထိန်းချူပ်ရေး ပြန်လည်လုပ်ဆောင်ပြီး အကြမ်းဖက်တိုက်ခိုက်မှုအတွက် မသင်္ကာလို့ စောင့်ကြည့့်ခံရသူ နိုင်ငံခြားသားတွေ အားလုံးကို သူတို့နိုင်ငံတွေဆီ ပြန်ပို့လိုပါတယ်။

နယ်စပ်တွေကို ဖွင့်ထားဖို့ လိုလားတဲ့ မက်ခရောန် ကတော့ ပြင်သစ်နိုင်ငံသားတွေ ကြောက်ရွံ့ပြီး အရှုံး မပေးကြဖို့ တိုက်တွန်းပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ