ထိုင်းဘုရင်စျာပန အောက်တိုဘာမှာ ကျင်းပမယ်

  • 25 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အလောင်းတင်မယ့် ပန်းရထားကို ပြင်ဆင်

မနှစ်က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော ရဲ့ ရုပ်ကလာပ်ကို လာမယ့် အောက်တိုဘာလမှာ မီးသင်္ဂြိုဟ် မယ်လို့ ထိုင်းအာဏာပိုင်တွေက ကြေညာလိုက် ပါတယ်။

တရားဝင် စျာပန အခမ်းအနားကို အောက်တိုဘာ ၂၅ ရက်နေ့ ကနေ စတင်ကျင်းပမှာ ဖြစ်ပြီး မီးသင်္ဂြိုဟ်တဲ့ နေ့ကိုတော့ အများပြည်သူ အားလပ်ရက် အဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။

ထုံးတမ်း စဉ်လာ အတိုင်း ငါးရက်ကြာ ကျင်းပမယ့် စျာပနမှာ ဘန်ကောက်က နန်းတော်ကြီး အနီး မဏ္ဍပ်ကြီးတွေဆောက်ပြီး ကြီးကျယ် ခမ်းနားတဲ့ စျာပန အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ