အမေရိကမယ် ဖြစ်ချင်တဲ့ ဒေါင်းရောဂါရှင်

  • 25 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Mikayla Holmgren/Facebook
Image caption ဒေါင်းဝေဒနာရှင် Mikayla Holmgren

Mikayla Holmgren ဟာ Marine on St Croix က တက္ကသိုလ် ကျောင်းသူ တယောက် ဖြစ်ပြီး ဒီနှစ် နိုဝင်ဘာလမှာ ခွာမြင့်ဖိနပ်တွေ ရေကူးဝတ်စုံတွေ ဝတ်ဆင်ပြီး မင်နီဆိုတာ အမေရိကမယ် ပြိုင်ပွဲကို ဝင်မှာ ဖြစ်ပါတယ်။

တခြားမိန်းကလေးတွေနဲ့ မတူတာက သူဟာ ဒေါင်းဆင်ဒရုမ်းခေါ် မွေးရာပါ ဉာဏ်ရည်ချို့ယွင်းတဲ့ ရောဂါရှင် တယောက် ဖြစ်နေတာပါ။

ဒါပေမဲ့လည်း အလှဆိုတာ လူ့ကိုယ်ထဲက လာတာပါ၊ ကျွန်မဟာ ပျော်ပျော်နေတတ်တယ်၊ ချစ်စရာကောင်းတယ်၊ ဒါကလည်း အလှပါပဲလို့ သူက ရုပ်သံတွေနဲ့ တွေ့ဆုံရာမှာ ပြောကြား ခဲ့ပါတယ်။

သူဟာ လမ်းသစ်ထွင်နိုင်သူ ဖြစ်တယ်လို့လည်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။ ၂၂ နှစ် ရှိပြီဖြစ်တဲ့ ဒီကျောင်းသူဟာ အရင်ကလည်း အငယ်တန်းမယ် ဘွဲ့တွေ ရခဲ့ဖူးပါတယ်။

သူဟာ ကခုန်ရတာ ကြိုက်သလို ပြည်နယ် လွှတ်တော်တွေမှာ စကားတက်ပြောခဲ့သူလည်း ဖြစ်လို့ သူ့ကို အားကျသူ မိန်းကလေးတွေ အများအပြား ရှိပါတယ်။

ဒေါင်းရောဂါဟာ ကျွန်မကို လွှမ်းမိုးလို့ မရကြောင်း ကမ္ဘာကို သိစေချင်တယ်လို့ သူက ရေးပြီး သူ့အလှမယ် ပြိုင်ပွဲ စရိတ်ကို ရှာခဲ့ပါတယ်။

ပြည်နယ် အဆင့်မှာ နိုင်ခဲ့ရင်တော့ အမေရိကမယ်ထိ ဝင်ပြိုင်ဖို့ သူဆက်ကြိုးစားနိုင်မှာ ဖြစ်ပါတယ်။