အမေရိကန်က မစ်ဆိုင်းကာကွယ်ရေး စနစ် တပ်ဆင်ပြီ

  • 26 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဧပြီလ ၂၆ ရက်က Thaad မစ်ဆိုင်းစနစ်တင်လာတဲ့ ကားတွေကို ဒေသခံတွေ ဆန္ဒပြ

အမေရိကန် စစ်တပ်က ခေတ်မီ မစ်ဆိုင်း ကာကွယ်ရေး စနစ်တခုရဲ့ တစိတ်တပိုင်းကို တောင်ကိုရီးယားနိုင်ငံရဲ့ နောက်နေရာတစ်ခုမှာ တပ်ဆင်ဖို့ စတင် ရွှေ့ပြောင်း နေရာချထားနေပါပြီ။

မြောက်ကိုရီးယားရဲ့ နောက်ထပ် မစ်ဆိုင်းဒုံး ပစ်လွှတ်လာမယ့် အန္တရာယ်ကို တုံ့ပြန်ကာကွယ်တဲ့အနေနဲ့ THAAD လို့ အများသိကြတဲ့ အဲဒီ မစ်ဆိုင်း ကာကွယ်ရေး စနစ်ကို ချထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဆွန်းဂျူမြို့က ဂေါက်သီးကွင်းဟောင်းတခုမှာ မစ်ဆိုင်းကာကွယ်ရေး ယာဉ်တွဲ ၆ ခု ရောက်လာတဲ့အတွက် ဒါကို မကျေနပ်တဲ့ ဒေသခံတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မြောက်ကိုရီးယား နျူကလီးယားနဲ့ မစ်ဆိုင်း စီမံကိန်းတွေနဲ့ ပတ်သက်လို့ သံတမန်ရေး တင်းမာမှုတွေ ဖြစ်နေချိန်မှာပဲ အခုလို စစ်လက်နက် တပ်ဆင်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။