အီးယူမှာ ဒုက္ခသည် ၂ ဆတိုး လက်ခံခဲ့

  • 27 ဧပြီ 2017
ဓာတ်ပုံ မူပိုင် HANDOUT
Image caption ဒုက္ခသည် နဲ့ ရွှေ့ပြောင်းဝင်လာသူ အရေး အကျပ်ဆိုက်နေ

အီးယူ ဥရောပ သမဂ္ဂထဲမှာ ပြီးခဲ့တဲ့နှစ်က လူ ၇ သိန်းကျော် ထိ ခိုလှုံခွင့် ပေးခဲ့တယ်လို့ စာရင်းဇယားအသစ်တွေက ပြနေပါတယ်။ ဒါဟာ ၂ဝ၁၅ တုန်းကထက် ၂ ဆ ကျော် တိုးလာတာပါ။

ဒီထဲက ၆ဝ ရာခိုင်နှုန်းလောက်က ဆီးရီးယားက ဖြစ်ပါတယ်။

ဒီထဲမှာ ဂျာမနီ တနိုင်ငံထဲက လူ ၄ သိန်းခွဲလောက်ကို ခိုလှုံခွင့် ပေးခဲ့ပြီး အရင်နှစ်တွေကထက် ၃ ဆ တိုးလက်ခံခဲ့ပါတယ်။

ဘော်လ်ကန်ဒေသနဲ့ တောင်အာရှ က လာတဲ့သူတွေကို အီးယူမှာ ခိုလှုံခွင့် ပေးမှု အနည်းဆုံး လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ