ကန်ရဲ့THAAD ဒုံးကျည်စနစ်ကို ဒေသခံတွေ ဆန့်ကျင်

  • 27 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ကီလိုမီတာ ၂၀၀ ကျော် (မိုင် ၁၂၀ ) ကို ပစ်ခတ် တိုက်ခိုက် နိုင်စွမ်း ရှိ

Thaad ဆိုတာက Terminal High Altitude Area Defence System ကို ခေါ်တာပါ။ လွယ်လွယ် ပြောမယ် ဆိုရင် မြောက်ကိုရီးယား က ပစ်လွှတ် လိုက်တဲ့ ဒုံးကျည် တွေကို လေထဲမှာ ပဲ တန်ပြန် တိုက်ခိုက် ဖောက်ခွဲ လိုက်မယ့် ဒုံးကျည် စနစ် ဖြစ်ပါတယ်။

-မြောက်ကိုရီးယား နိုင်ငံ ပစ်လွှတ် တဲ့ တာလတ်ပစ် ဒုံးကျည် ကို အဆင့်ဆင့် ဖောက်ခွဲ ဖျက်ဆီး နိုင်။

-အရွေ့ စွမ်းအင် နဲ့ ဖန်တီး ထားတဲ့ ဒုံးကျည် ထိပ်ဖူး ကို လည်း ဆင့်ပွား ဖျက်ဆီး နိုင်။

-ကီလိုမီတာ ၂၀၀ ကျော် (မိုင် ၁၂၀ ) ကို ပစ်ခတ် တိုက်ခိုက် နိုင်စွမ်း ရှိပြီး အမြင့် အားဖြင့် ကီလိုမီတာ ၁၅၀ ကျော်ထိ ပစ်ခတ်နိုင်။

-မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှု ကို စိုးရိမ်လို့ အမေရိကန် က ဂူအန် နဲ့ ဟာဝိုင်ယီ ကျွန်းတွေမှာ လည်း Thaad ဒုံးခွင်းဒုံး စနစ် တပ်ဆင်ထား။

-Thaad ဒုံးခွင်းဒုံး စနစ် ကို တောင်ကိုရီးယားမှာ တပ်ဆင် ဖို့ သမ္မတ အိုဘားမား လက်ထက်မှာကတည်း က သဘောတူညီ ထားတာ ဖြစ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ဒေသခံတွေက ဆန့်ကျင် ကန့်ကွက်

ဒုံးခွင်း ဒုံးကျည် တပ်ဆင် မယ့် တောင်ကိုရီးယား နိုင်ငံ ဆောင်ဂျူး မြို့မှာ ဒေသခံ တွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေ နဲ့လည်း ကြုံတွေ့ ခဲ့ရပါတယ်။

အမေရိကန် Thaad ဒုံးခွင်း ဒုံးကျည် ကို တောင်ကိုရီးယား မှာ တပ်ဆင် ဖို့ လက်ခံ ခဲ့တဲ့ လုပ်ရပ် ကိုလည်း တရုတ် နိုင်ငံ က ပြစ်တင် ဝေဖန် ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ် ချက်ကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ စစ်ရေး အရ စိုးရိမ်မှုတွေ မြင့်တက် လာလိမ့်မယ်လို့လည်း တရုတ်က ပြောပါတယ်။

တောင်ကိုရီးယား နိုင်ငံမှာ အမေရိကန် ရဲ့ ကာကွယ်ရေး စနစ် ကို တပ်ဆင် ခဲ့တာကြောင့် ကိုးရီးယား ကျွန်းဆွယ်မှာ စစ်ရေး အရှိန်မြင့်တက်မှု တွေ ဖြစ်ပေါ်နေပါတယ်။ မြောက်ကိုရီးယား ကလည်း နောက်ထပ် နျူကလီးယား စမ်းသပ်မှုတွေ ထပ်မံ လုပ်ဆောင်မယ်လို့ ပြောကြား ထားသလို၊ ဒေါ်နယ် ထရမ့် အစိုးရ ကို အားမစမ်း ဖို့ အမေရိကန် ဒုတိယ သမ္မတ မိုက် ပန့်စ် က ပြောကြား ထားပါတယ်။

ဒါ့ အပြင် ပြီးခဲ့တဲ့ အင်္ဂါနေ့ က နျူကလီးယား စွမ်းအင်သုံး ရေငုပ် သင်္ဘော ယူအက်စ်အက်စ် မီချီဂန် ကို ကိုရီးယား ကျွန်းဆွယ် ဒေသ ကို စေလွှတ် ထားပါတယ်။ ပြီးတော့ အမေရိကန် လေယာဉ်တင် တိုက်ခိုက်ရေး စစ်ရေ ယာဉ် အုပ်စု ဖြစ်တဲ့ ယူအက်စ်အက်စ် ကားလ်ဗင်ဆင် လည်း ကိုရီးယား ကျွန်းဆွယ် ဒေသ ကို ဦးတည်လျှက် ရှိနေပါတယ်။

အမေရိကန် ရဲ့ စစ်ရေယာဉ်တွေကို ကြိုတင် ကာကွယ် တဲ့ အနေနဲ့ တိုက်ခိုက်မှု တွေ လုပ်သွားမယ်လို့ မြောက်ကိုရီးူယားက ပြောကြား ထားပါတယ်။ ဒါ့ အပြင် အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကလည်း ဆီးနိတ် ကိုယ်စားလှယ် ၁၀၀ ကို အိမ်ဖြူတော် ကို ဖိတ်ကြားခဲ့ပြီး မြောက်ကိုရီးယား ကို အရေးယူမယ့် ကိစ္စနဲ့ ပတ်သက်လို့ ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယား နိုင်ငံ အပေါ်မှာ အခုထက် ပိုမို တင်းကျပ် တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ တိုးမြှင့် လုပ်ဆောင် မယ်လို့ အမေရိကန် ဘက် က အင်္ဂါနေ့မှာ ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ