ဆီးရီးယားမှာ အစ္စရေး က တိုက်ခိုက်မှုတွေလုပ်

  • 27 ဧပြီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ် ကွင်းမှာ ပေါက်ကွဲ မှုတွေ ဖြစ်ပွား ခဲ့ကြောင်း မျက်မြင် တွေ့ ရှိသူတွေက ပြောကြား

ဆီးရီးယား နိုင်ငံက ဒမားစကတ် မြို့နား က စစ်လေယာဉ် ကွင်း တစ်ခု ကို အစ္စရေး ဘက်က ဒုံးကျည် တွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း အစိုးရ ပိုင် သတင်းဌာနတွေ က ပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ မနက် အစောပိုင်းမှာ အဲဒီ လေယာဉ် ကွင်းမှာ ပေါက်ကွဲ မှုတွေ ဖြစ်ပွား ခဲ့ကြောင်း မျက်မြင် တွေ့ ရှိသူတွေက ပြောကြားပါတယ်။

ဆီးရီးယား အစိုးရ နဲ့ မိတ်ဖက် အဖွဲ့ တစ်ခု ဖြစ်တဲ့ လက်ဘနွန် လက်နက်ကိုင် အုပ်စု ဟဇ်ဘိုလာ အဖွဲ့ ရဲ့ လက်နက် တိုက် ကို အစ္စရေး ဘက် က ပစ်ခတ် တိုက်ခိုက် ဖြစ်ပါတယ်။

အီရန် နိုင်ငံကနေ ဟဇ်ဘိုလာ အဖွဲ့ ဆီကို လက်နက် ထောက်ပံ့မှု သတင်း တွေကို အခြား မဟာမိတ် အဖွဲ့တွေဆီ ကို ပေးပို့ ခဲ့ကြောင်း အစ္စရေး ဘက် က ပြောပေမယ့် အခု တိုက်ခိုက်မှု ထဲမှာ ပါဝင် ခဲ့သလား ဆိုတဲ့ မေးခွန်း ကိုတော့ အစ္စရေး ထောက်လှမ်းရေး ဝန်ကြီး က အတည်ပြုခဲ့ခြင်း မရှိပါဘူး။

ဟဇ်ဘိုဘာ အဖွဲ့ က နိုင်ငံ လုံခြုံရေး ကို ခြိမ်းခြောက် နေကြောင်း အစ္စရေး က အစဉ်အမြဲ လက်ခံ ထားတာ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကို အီရန် က ထောက်ပံ့ မှုတွေ လုပ်နေကြောင်း အစ္စရေး က စွပ်စွဲ ပြောကြား ထားပါတယ်။