ဗြိတိန် ပါလီမန် နားမှာ အကြမ်းဖက် သမား တစ်ဉီးကို ဖမ်းဆီး ရမိ

  • 27 ဧပြီ 2017
Image caption အကြမ်းဖက် သမား ဆီမှာ ဓါးနှစ်လက် ပါရှိပြီး တစ်လက် က တော်တော်ကြီးတဲ့ ဓါးတစ်လက်လို့ မျက်မြင် တွေ့ ရှိသူတွေက ပြော

ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းတုန်း က ဗြိတိသျှ ပါလီမန် နားမှာ လူတစ်ယောက် က ဓါးတွေ သယ်ဆောင်လာပြီး အကြမ်းဖက်ဖို့ ကြံစည်မှုတဲ့ အတွက် ရဲတပ်ဖွဲ့ က ဖမ်းဆီး လိုက်ပါတယ်။

အကြမ်းဖက် သမား ဆီမှာ ဓါးနှစ်လက် ပါရှိပြီး တစ်လက် က တော်တော်ကြီးတဲ့ ဓါးတစ်လက်လို့ မျက်မြင် တွေ့ ရှိသူတွေက ပြောပါတယ်။

အကြမ်းဖက် သမား က အသက် ၂၀ အရွယ် ရှိသူ တစ်ယောက် ဖြစ်ကြောင်း ရဲက ပြောပါတယ်။ လောလောဆယ်မှာတော့ အကြမ်းဖက် တိုက်ခိုက် ဖို့ ကြိုးစားသူ ဟာ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ က ထုတ်ပြန်ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ တစ်လ က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ရာ ဝက်စ်မင်စတာ တံတားပေါ်မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်သူ ကို ဖမ်းဆီး ရမိခဲ့ပြီး ထိခိုက် ဒဏ်ရာ ရသူ မရှိဘူးလို့ ဗြိတိန် ရဲတပ်ဖွဲ့ က ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့မှာ ဗြိတိန် ပါလီမန် နားမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပြီး နောက်မှာ ပါလီမန် ခန်းမဖြူ နားတဝိုက်ကို လုံခြုံရေး တင်းကျပ် ထားတာ ဖြစ်ပါတယ်။

အဲဒီတုန်း က တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ခါလစ် မာဆုဒ် ဟာ ဝက်စ်မင်စတာ တံတားပေါ်မှာ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ အတွက် ရဲတပ်သား ကိတ် ပေါ်မာ အပါအဝင် လူ ၅ ဦး သေဆုံး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ