လေယာဉ်ခရီးသည် ဆွဲချတဲ့အမှု ကျေအေး

  • 28 ဧပြီ 2017
ဓာတ်ပုံ မူပိုင် JOSHUA LOTT
Image caption ယူနိုက်တက် အဲလိုင်း ကို ဆန္ဒပြ

အမေရိကန်မှာ ယူနိုက်တက် အဲလိုင်း လေကြောင်းပိုင် လေယာဉ် တစင်းပေါ်က ခရီးသည် တယောက်ကို ဒီလဆန်းက ဆွဲချခဲ့တဲ့ အမှု ကို ကျေအေးခဲ့ပြီ ဖြစ်ပါတယ်။

တရားရုံး အရောက်မခံဘဲ လေကြောင်းလိုင်းနဲ့တင် ညှိနှိုင်း ကျေအေးခဲ့တာလို့ ခရီးသည် ဒေးဗစ် ဒေါင်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဘယ်လောက် လျော်ကြေး ရခဲ့တယ် ဆိုတာတော့ ထုတ်မပြောပါဘူး။

လေယာဉ် ဝန်ထမ်း ၄ ယောက်အတွက် နေရာပေးဖို့ ဆိုပြီး ဒေါက်တာ ဒေါင်ကို လေယာဉ်ပေါ်က အတင်း အဓမ္မ ဆွဲချ ခဲ့တာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို ရိုက်ထားတဲ့ ဗီဒီယိုဟာလည်း တကမ္ဘာလုံးထိ အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ပါတယ်။