ပြုံယမ်း အစိုးရ ဒုံးကျည် စမ်းသပ် ပစ်လွှတ်လာပြန်

  • 28 ဧပြီ 2017
Image caption စက္ကန့် အနည်းငယ် အတွင်းမှာပဲ ပေါက်ကွဲ

မြောက်ကိုရီးယား နိုင်ငံက ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု အသစ် ပြုလုပ် လာပြန်ပါတယ်။

ဒါပေမယ့် ပစ်လွှတ်ပြီး စက္ကန့် အနည်းငယ် အတွင်းမှာပဲ ပေါက်ကွဲ သွားခဲ့တယ် ဆိုပြီး တောင်ကိုရီးယား စစ်တပ်ရဲ့ ကနဦး ဆန်းစစ်ချက်တွေ အရ သိရပါတယ်။

ပြုံယမ်း မြို့တော် မြောက်ပိုင်းက နေရာ တစ်ခု ကနေ ဒေသတွင်း စံတော်ချိန် စနေ မနက် အစောပိုင်းမှာ ပစ်လွှတ် ခဲ့တာ ဖြစ်တယ် ဆိုပြီး တောင်ကိုရီးယား စစ်ဦးစီးချုပ်က ပြောပါတယ်။

ဒါဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ပြုံယမ်း အစိုးရ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တီလာဆင်က ပြောခဲ့ပြီး နာရီ အနည်းငယ် အတွင်းမှာ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ် ခဲ့ပြန်တာပါ။

မြောက်ကိုရီးယားဘက်က သူတို့ရဲ့ နျူကလီ ရည်မှန်းချက် စွန့်လွှတ် လာစေဖို့ ကမ္ဘာကြီး အနေနဲ့ နည်းလမ်းသစ်တွေ မရှာဖွေဘူး ဆိုရင် နောက်ဆက်တွဲ ပြဿနာတွေ ဆိုးဆိုးရွားရွား ကြုံလာ ရလိမ့်မယ် ဆိုပြီး ဝန်ကြီး တစ်လာဆင်က သတိပေး ထားပါတယ်။

ဒါ့အပြင် နိုင်ငံအားလုံး အနေနဲ့ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေး အားလုံး ဆိုင်းငံ့ ထားသင့်ပြီး၊ ဘဏ္ဍာရေး ဆိုင်ရာ ဆက်ဆံမှု လုံးဝ မပြု လုပ်သင့်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆော်ဩ ခဲ့ပါတယ်။

ပြုံယမ်း အစိုးရနဲ့ကြား ကုန်သွယ်ရေး အဆက်အဆံတွေ ရှိနေတဲ့ တရုတ် နိုင်ငံ အနေနဲ့ မြောက်ကိုရီးယား အကြပ်အတည်းကို ဖြေရှင်းရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီး တစ်လာဆင်က ပြောပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ကတော့ မြောက်ကိုရီးယား အရေး ပြေလည် သွားစေ နိုင်တဲ့ အဓိက အချက်တွေဟာ တရုတ်နိုင်ငံ လက်ထဲ ရှိမနေဘူးလို့ တုံ့ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ