သဘာဝ ထိန်းသိမ်းရေး ကန့်သတ်ချက်တွေ ထရမ့် ဖြေလျှော့ပြန်

  • 28 ဧပြီ 2017
Image caption ထရမ့် သမ္မတ သက်တမ်း ရက် ၁ဝဝ ပြည့်ပြီ

မြောက်ဝင်ရိုးစွန်း အာတိတ် ဒေသမှာ ရေနံတူဖော်မှုကို ကန့်သတ် ထားချက်တွေ အပေါ် ဖြေလျော့ဖို့ ရည်ရွယ်ထားတဲ့ သမ္မတ အမိန့်တစ်ရပ်ကို ဒေါ်နယ် ထရမ့် လက်မှတ် ရေးထိုး လိုက်ပါတယ်။

ဒီ အမိန့်ကြောင့် လက်ရှိ ကန့်သတ် ထားတဲ့ ကမ်းလွန် ရေပြင် နေရာတွေမှာပါ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ တူးဖော် လာနိုင်ဖွယ် ရှိပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ရည်ရွယ်ပြီး အိုဘားမား လက်ထက် ချမှတ် ထားတဲ့ ကန့်သတ်မှုတွေကို သမ္မတ ထရမ့်က သူ့ရဲ့ ရက် ၁ဝဝ သက်တမ်း အတွင်း တစ်ခုပြီး တစ်ခု ဖြေလျှော့ လာတာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ အမိန့်ဟာ မလိုအပ်ပဲ မဆင်မခြင် ပြုမူတဲ့ လုပ်ရပ် အဖြစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ဝေဖန် နေပြီး၊ ဒီ သမ္မတ အမိန့်ကို တရားရုံးမှာ တက်ပြီး ကန့်ကွက် သွားမယ်လို့ ပြောနေပါတယ်။