အမေရိကန်သူလျှိုအဖြစ် စွပ်စွဲခံရသူ နေရပ်ပြန်ရောက်

  • 29 ဧပြီ 2017
ဓာတ်ပုံ မူပိုင် SaveSandy.org
Image caption မစ္စ ဖန် ဂီးလ်လစ်စ် (အလယ်)ဟာ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟျူစတန်မြို့က ကုန်သွယ်ရေးအဖွဲ့တဖွဲ့နဲ့ တရုတ်နိုင်ငံကို လိုက်ပါလာခဲ့

တရုတ်နိုင်ငံမှာ သူလျှိုလုပ်တယ်လို့ စွပ်စွဲခံရပြီး လွန်ခဲ့တဲ့ ၂ နှစ်က အဖမ်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသူ ဆန်ဒီ ဖန် ဂီးလ်လစ်စ်ဟာ ပြည်နှင်ဒဏ်ပေးခံရအပြီးမှာ နေရပ် အမေရိကန် ပြည်ထောင်စုကို ပြန်လည်ရောက်ရှိလာပါတယ်။

အခုလို ပြန်လည်ရောက်ရှိလာတဲ့ တရုတ်အနွယ်ဝင် ဗီယက်နမ်ဖွား အမေရိကန်နိုင်ငံသူ မစ္စ ဖန် ဂီးလ်လစ်စ်ကို လွတ်မြောက်လာရေးအတွက် လှုပ်ရှားဆောင်ရွက်ပေးခဲ့တဲ့ ခင်ပွန်းဖြစ်သူက ကြိုဆိုခဲ့ပါတယ်။

စီပွားရေးသမားတယောက်ဖြစ်သူ မစ္စ ဖန် ဂီးလ်လစ်စ်ဟာ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟျူစတန်မြို့က ကုန်သွယ်ရေးအဖွဲ့တဖွဲ့နဲ့ တရုတ်နိုင်ငံကို လိုက်ပါလာခဲ့ပြီး တရုတ်ပြည်တွင်း မကာအိုဘက်ကို အသွားမှာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

မစ္စ ဖန် ဂီးလ်လစ်စ်ဟာ ၁၉၉၆ ခုနှစ်မှာ တရုတ်နိုင်ငံကို ထောက်လှမ်းရေး ခရီးစဉ် ၂ ကြိမ်လာရောက်ခဲ့ပြီး အမေရိကန်မှာ ရှိတဲ့ တရုတ် သူလျှို ၂ ယောက်ကို တဖက်လှည့်နဲ့ ပြန်ခိုင်းနိုင်အောင် လုပ်ရေးမှာ အက်ဖ်ဘီအိုင်နဲ့ ပူးပေါင်းခဲ့တယ်ဆိုပြီး တရုတ်အစိုးရက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ တရုတ် တရားရုံးတရုံးက သူ့ကို ထောင် သုံးနှစ်ခွဲနဲ့ ပြည်နှင်ဒဏ် တပြိုင်နက်ထဲ ချမှတ်ခဲ့တာကြောင့် ထောင်ဒဏ်နဲ့ ပြည်နှင်ဒဏ် ဘယ်ပြစ်ဒဏ် အရင်ခံရမလဲဆိုတာ မသေ မချာ ဖြစ်နေခဲ့တာပါ။