မြောက်ကိုရီးယားနဲ့ ကန် တင်းမာမှု နိုင်ငံတကာကြားဝင်ဖို့ ပုပ်ရဟန်းမင်းပြော

  • 30 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဒီကိစ္စမှာ ကုလသမဂ္ဂဟာ သံတမန်ရေးရာ ဦးဆောင်မှု မပေးနိုင်ပဲ ပေါ့ပေါ့ဆဆ လုပ်နေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့

မြောက်ကိုရီးယားရဲ့ နျူးကလီးယားစီမံကိန်းနဲ့ ဒုံးကျည်စီမံကိန်းတွေကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးတင်းမာနေတဲ့အခြေအနေကို နိုင်ငံတကာက ဝင်ရောက် ဖြန်ဖြေပေးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးတင်းမာမှု ပိုဆိုးလာနေပြီး ဒီကိစ္စမှာ ကုလသမဂ္ဂဟာ သံတမန်ရေးရာ ဦးဆောင်မှု မပေးနိုင်ပဲ ပေါ့ပေါ့ဆဆ လုပ်နေတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။

အခြေအနေဟာ စစ်ဖြစ်ဖို့အထိ အလားအလာရှိနေပြီး လူတွေ အများကြီး သေပျောက်နေချေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

ဒီအခြေအနေကို ကြားဝင်ဖို့အတွက် နော်ဝေးနိုင်ငံကို ပုပ်ရဟန်းမင်းကြီးက အကြံပြုခဲ့ပါတယ်။

'အခုပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာ ခေါင်းဆောင် အသီးသီးဟာ သံတမန် နည်းကိုပဲ သုံးသင့်ပါတယ်။ ဥပမာ နော်ဝေးဆိုရင် ဒီလို ကိစ္စတွေမှာ ကူညီဖို့အသင့်ဖြစ်နေတယ်' လို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ပြောခဲ့တာပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှု မအောင်မမြင် ဖြစ်အပြီး နာရီပိုင်းအတွင်း အချိန်မှာ ပြုလုပ်တဲ့ အီဂျစ်ခရီးစဉ် အပြန် သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ ပုပ်ရဟန်းမင်းကြီးက အခုလို မှတ်ချက်တွေ ပေးခဲ့တာ ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေးနဲ့ သံတမန်ရေး အဖြေရှာတာသည်သာလျှင် ဖြေရှင်းဖို့ နည်းလမ်းဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

နောက်ဆုံး အခြေအနေမှာတော့ အမေရိကန် လေယာဉ်တင် သင်္ဘော ကားဗင်ဆင်ဟာ နောက်ထပ် စမ်းသပ်လာနိုင်တဲ့ မြောက်ကိုရီးယား ဒုံးကျည်တွေကို ကာကွယ်ဖို့ ကိုရီးယားကျွန်းဆွယ်နားကို လမ်းကြောင်း ပြောင်းပြီး ရောက်ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ