မိန့်ခွန်းခိုးချတယ်လို့ Le Pen စွပ်စွဲခံရ

  • 2 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ယာစွန်း သမ္မတလောင်း Le Pen

ရွေးကောက်ပွဲ ဝင် မယ့် ပြင်သစ် သမ္မတလောင်း နှစ်ယောက်ထဲက လက်ယာစွန်းသမ္မတလောင်း Marine Le Pen က သူ့ပြိုင်ဖက် မကြာသေးခင်က ပြောခဲ့တဲ့ မိန့်ခွန်းကို ခိုးချပြောခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

ပထမအကျော့ ရွေးကောက်ပွဲမှာ ရှုံးခဲ့လို့ သမ္မတရွောကောက်ပွဲကနေ ထွက်သွားခဲ့ရတဲ့ ရှေးရိုးစွဲ ဝါဒီ ပြိုင်ဖက် ဖရန်ဆွာ ဖီယွန်း ပြောခဲ့တဲ့ စကားလုံးတွေ အတိုင်း Marine Le Pen က တသွေမတိမ်း ပြောခဲ့တယ်လို့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်က မစ္စတာ ဖီယွန်း ပြောခဲ့တဲ့ အတိုင်း တနင်္လာနေ့က Marine Le Pen က သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်း ပြောခဲ့ပေမယ့် ကိုးကား ခဲ့တာတော့ မရှိခဲ့ပါဘူး။

မစ္စ Le Pen မှာ ပေးချင်တဲ့ သတင်းစကား ကြီးကြီးမားမား ရှိတယ် လို့ပဲ အမျိုးသားရေး တပ်ဦးပါတီက ခေါင်းဆောင်တယောက်က ဒီစွပ်စွဲချက်တွေကို ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ