အမေရိကန် ဒုံးခွင်းစနစ်ရပ်ဖို့ တရုတ်သတိပေး

  • 2 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုရီးယားမှာ အခြေစိုက်တဲ့ အမေရိကန် ဗုံးကြဲလေယာဉ်တွေ

တောင်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ အငြင်းပွားစရာ ဒုံးပျံ ကာကွယ်ရေး စနစ်အသုံးပြုလို့ ရနေပြီလို့ အမေရိကန် အစိုးရက ကြေညာခဲ့ပြီး မကြာခင်မှာပဲ ဒီစနစ်ကို ချက်ချင်းဆိုင်းငံ့ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

THAAD ဒုံးပျံကာကွယ်ရေး စနစ်နဲ့ အင်အား ကြီးမားတဲ့ သူ့ရဲ့ ရေဒါစနစ်ကို ကန့်ကွက်ကြောင်း တရုတ်ဘက်က အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကျိုး စီးပွား ကာကွယ်ဖို့ လိုအပ်တာတွေအားလုံးကို အပြည့်အဝ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဂန်ရွှမ်း က ဘေဂျင်းမြို့တော်မှာ သတင်းထောက်တွေကို ပြောရာမှာ

THAAD ဒုံးပျံကာကွယ်ရေး စနစ်နဲ့ ပတ်သက်တဲ့ တရုတ် ရပ်တည်ချက်က ရှင်းလင်း ပြတ်သား ခိုင်မာတယ်လို့ သူယူဆတယ်၊ တောင်ကိုရီးယားမှာ ဒီစနစ် ချထားတာကို ဆန့်ကျင်တယ်၊ ပါဝင်ပတ်သက်သူတွေ ချက်ချင်း ရပ်တန်းက ရပ်ပါလို့ ပြောသွားပါတယ်။

တရုတ်နိုင်ငံရဲ့ အကျိုး စီးပွား ကာကွယ်ဖို့ လိုအပ်တာတွေအားလုံးကို အပြည့်အဝ လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ