ဗင်နီဇွဲလားနိုင်ငံမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ထပ်ဖြစ်

  • 3 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဗုဒ္ဓဟူးနေ့မှာ ဧရာမ ဆန္ဒပြပွဲကြီးတခု လုပ်ဖို့ အတိုက်အခံတွေက လှုံ့ဆော်ထား

ဗင်နီဇွဲလားနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးဆွဲနိုင်ခွင့် ရှိမယ့် တိုင်းပြုပြည်ပြု လွှတ်တော်သစ်တခု ဖွဲ့စည်းလိုက်ကြောင်း သမ္မတ နီကိုလက်စ် မက်ဒူရိုရဲ့ ကြေညာချက်ကို ကန့်ကွက်တဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ အကြား နောက်ထပ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကာရာကက်စ်မြို့တော် တဝှမ်းမှာ အတားအဆီးတွေ ချထားတဲ့အတွက် တချို့နေရာတွေမှာ အသွားအလာတွေ လုံးဝ ရပ်ဆိုင်းသွားပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။

မစ္စတာ မက်ဒူရိုရဲ့ အဆိုပြုချက် တွေကို အမေရိကန်နဲ့ ဘရာဇီးလ်နိုင်ငံတို့က ဝေဖန် ရှုတ်ချလိုက်ပြီး ဒီအဆိုပြုချက်တွေဟာ အာဏာသိမ်းမှု ဖြစ်တယ်လို့ ဘရာဇီးလ် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

အတိုက်အခံတွေ ကြီးစိုးတဲ့ ကွန်ဂရက်စ် လွှတ်တော်က မစ္စတာ မက်ဒူရိုကို ရာထူးကနေ နှုတ်ထွက်ဖို့ တောင်းဆိုနေပြီး ကွန်ဂရက်စ် လွှတ်တော် ကို မစ္စတာ မက်ဒူရိုက ဖယ်ရှားပစ်ချင်နေတာ ပါ။

ဗင်နီဇွဲလားနိုင်ငံဟာ ဆိုးဝါးတဲ့ စီးပွားရေး အကြပ်အတည်းဒဏ်ကို ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ လက ဆန္ဒပြမှုတွေအတွင်း လူ ၃၀ သေဆုံးခဲ့ပါတယ်။