ထိုင်ဝမ်က တရုတ်ငါးဖမ်းသင်္ဘောတစင်းကို ပစ်ခတ်ဖမ်းဆီး

  • 6 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ်နိုင်ငံက ဝင်လာတဲ့ ငါးဖမ်းသင်္ဘော အရေအတွက် တိုးလာတဲ့အတွက် ကမ်းလှည့်စောင့်ကြည့်ရေး လုပ်ငန်းတွေကိုလည်း တိုးမြှင့်ထား

ထိုင်ဝမ်ကျွန်း အနောက်ဘက် ကမ်းခြေကို ရောက်လာတဲ့ တရုတ်ငါးဖမ်း သင်္ဘောတစင်းကို ထိုင်ဝမ် ကမ်းခြေစောင့် တပ်က သိမ်းဆည်းပြီး သင်္ဘောသားတွေကိုလည်း ရာဘာကျည်ဆံနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အခုလို သိမ်းဆည်းမှုမှာ ငါးဖမ်းသမားတွေက သင်္ဘောပေါ် အတက်မခံလို့ ဆိုပြီး ကမ်းခြေစောင့် တပ်ဖွဲ့က ရာဘာကျည်ဆံနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၂ ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ဒီ သင်္ဘောပေါ်မှာ ပါလာတဲ့ စုစုပေါင်း တရုတ် ငါးဖမ်းသမား အရေအတွက်ကတော့ ၇ ယောက်ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဝင်လာတဲ့ ငါးဖမ်းသင်္ဘော အရေအတွက် တိုးလာတဲ့အတွက် ကမ်းလှည့်စောင့်ကြည့်ရေး လုပ်ငန်းတွေကိုလည်း တိုးမြှင့်ထားတယ်လို့ ထိုင်ဝမ် အစိုးရက ပြောပါတယ်။