ပြင်သစ် သမ္မတရွေးကောက်ပွဲ နောက်ဆုံးအဆင့် ဒီနေ့ ကျင်းပမယ်

  • 6 မေ 2017
Image caption မက်ခရွန်း နဲ့ မရီး လီပဲန်းတို့ နှစ်ဦးချင်း ထိပ်တိုက် ယှဉ်ပြိုင်မယ်

ပြင်သစ် နိုင်ငံမှာ အလယ်အလတ် ဝါဒီ အေမဲန်ဝဲလ် မက်ခရွန်း နဲ့ လက်ျာစွန်း ဝါဒီ မရီး လီပဲန်းတို့ နှစ်ဦးချင်း ထိပ်တိုက် ယှဉ်ပြိုင်မယ့် သမ္မတ ရွေးကောက်ပွဲ ဒီကနေ့ (မေလ ၇ရက်) ကျင်းပတော့မှာ ဖြစ်ပါတယ်။

သမ္မတဖြစ်ဖို့ ရေပန်းစားနေတဲ့ မစ္စတာ မက်ခရွန်းရဲ့ ရုံးအဖွဲ့ ကွန်ပြူတာ စနစ် ထွင်းဖောက် တိုက်ခိုက် ခံလိုက်ရတဲ့ အဖြစ်က ရွေးကောက်ပွဲ မတိုင်ခင် လွှမ်းမိုး နေပါတယ်။

မစ္စတာ မက်ခရွန်း အပေါ် ဆိုင်ဘာတိုက်ခိုက် ခဲ့တဲ့ လက်သည် ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာ အဖြေထုတ် နိုင်တဲ့ အထိ ဆောင်ရွက် သွားမယ်လို့ လက်ရှိသမ္မတ ဖရန်ဆွာ အိုလော်န့်က ကတိပေး ပြောကြား ခဲ့ပါတယ်။

မစ္စတာ မက်ခရွန်း ရုံး အဖွဲ့ရဲ့ အီမေးလ်စာတွေ ခိုးယူ ခံခဲ့ရတာမှာ၊ အဲဒီ စာတွေကို လူသိ ရှင်ကြား ဖြန့်ချီ ထုတ်ဝေ လာရင် အရေးယူမယ် ဆိုပြီး ပြင်သစ် ရွေးကောက်ပွဲ ကော်မရှင် ကလည်း ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ