အိုဘားမား သတိပေး စကား ထရမ့် နားမထောင်ခဲ့

  • 8 မေ 2017
Image caption ရုရှား သံအမတ်နဲ့ မစ္စတာ ဖလင်းအကြား အဆက်အသွယ်တွေ ရှိခဲ့

အမေရိကန် ပြည်ထောင်စုက လာတဲ့ သတင်းတွေအရ၊ မိုက်ကယ် ဖလင်း ဆိုသူကို အမျိုးသား လုံခြုံရေး အကြံပေး အဖြစ် မခန့်အပ်ဖို့ သမ္မတ အိုဘားမားက ဒေါ်နယ်ထရမ့်ကို သတိပေး ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ၄၈ နာရီ မပြည့်ခင်မှာပဲ ရွေးကောက်ပွဲ အနိုင်ရ မစ္စတာ ထရမ့်နဲ့ သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့ဆုံကြတုန်း သတိပေးခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော်က အတည်ပြုပါတယ်။

ဒါပေမယ့်လည်း မိုက်ကယ်ဖလင်းကို သမ္မတ ထရမ့်က လုံခြုံရေး အကြံပေး အဖြစ် ခန့်အပ် ခဲ့ပြီးတဲ့နောက် မစ္စတာ ဖလင်းဟာ တလ အတွင်းမှာပဲ ရာထူး နေရာက နှုတ်ထွက် ခဲ့ရပါတယ်။

ရုရှား သံတမန်တွေနဲ့ကြား အဆက်အသွယ်တွေ ရှိခဲ့တဲ့ အချက်ကို မစ္စတာ ဖလင်း ဖုံးကွယ်ခဲ့တယ် ဆိုတဲ့ အချက် ပေါ်ထွက် လာခဲ့လို့ ဖြစ်ပါတယ်။

အခုအခါမှာတော့ နိုဝင်ဘာလ အမေရိကန် ရွေးကောက်ပွဲ ကာလတွေ အတွင်း ရုရှားက စွက်ဖက် လွှမ်းမိုး နိုင်အောင် ကြိုးစားခဲ့တယ် ဆိုတဲ့ သတင်းတွေ အပေါ် ကွန်ဂရက်စ် လွှတ်တော်က စုံစမ်းနေပါတယ်။

သမ္မတ အိုဘားမား လက်ထက် ထိပ်တန်း အရာရှိတွေ ဖြစ်တဲ့ CIA ထောက်လှမ်းရေး ဌာနရဲ့ ညွှန်ကြားရေးမှူး ဂျိမ်းစ် ကလက်ပါနဲ့ ဒုတိယ ရှေ့နေချုပ် ဆယ်လီ ယိတ်စ်တို့ လွှတ်တော် ကြားနာပွဲ ရှေ့မှောက် ထွက်ဆို ခဲ့ကြပြီး ဖြစ်ပါတယ်။

ရုရှား သံအမတ်နဲ့ မစ္စတာ ဖလင်းအကြား အဆက်အသွယ်တွေ ရှိခဲ့တယ် ဆိုတဲ့ အချက် အပေါ်မှာ လည်း ကြားနာပွဲ အတွင်း စစ်ဆေး မေးမြန်း လာလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ