ဒုံးပျံကာကွယ်ရေးစနစ် ဖယ်ဖို့ တရုတ်က တောင်ကိုရီးယားကို ပြော

  • 11 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption THAAD ဒုံးပျံကာကွယ်ရေးစနစ် မေလ ၂ရက်နေ့ကစလို့ အလုပ်လုပ်နေပြီလို့ အမေရိကန်က ပြော

တရုတ် သမ္မတ Xi Jinping က တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ ဒုံးပျံကာကွယ်ရေးစနစ် ချထားမှုကို ဖယ်ရှားဖို့ သမ္မတသစ် Moon Jae-in ကို တိုက်တွန်း လိုက်ပါတယ်။

သမ္မတသစ် အဖြစ်မစ္စတာ Moon Jae-in တာဝန်ယူပြီး နောက်တစ်နေ့မှာပဲ မိနစ် ၄၀ ကြာ တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောခဲ့တုန်းက တရုတ် ခေါင်းဆောင်က အခုလို ပြောခဲ့တာပါ။

မြောက်ကိုရီးယားက ပစ်လာနိုင်ဖွယ်ရှိတဲ့ ဒုံးလက်နက်တွေရန်ကို တန်ပြန် ကာကွယ်နိုင်ဖို့ ချထားတဲ့ အဲဒီ ဒုံးပျံ ကာကွယ်ရေး စံနစ်ကို သဘောမတူကြောင်း တရုတ်နိုင်ငံက ပြောခဲ့တာ လ အတော် ကြာခဲ့ပြီဖြစ်ပါတယ်။

အမေရိကန်မှာ သမ္မတအိုဘားမား လက်ထက်ကတည်းက တောင်ကိုရီးယားမှာ ချထားဖို့ သဘောတူထားခဲ့တဲ့ ဒီ ဒုံးပျံကာကွယ်ရေးစနစ်ကို မြောက်ကိုရီးယားနဲ့ တင်းမာလာတဲ့ အခြအနေတွေကြောင့် မူလ သတ်မှတ်ထားတဲ့ အချိန်ထက်စောပြီး ပြီးခဲ့တဲ့ ဧပြီလကုန် ပိုင်းမှာ တပ်ဆင်ချထားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Moon Jae-in ကလည်း ဒီဒုံးပျံကာကွယ်ရေးစနစ်ချထားလို့ တောင်ကိုရီးယား ကုမ္ပဏီတွေအပေါ် ခွဲခြား ကန့်သတ်အရေးယူမှုတွေ တရုတ်ဘက်က လုပ်နေတာတွေကို တရုတ်သမ္မတကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ