ထိုင်းစစ်အစိုးရ Facebook ကို သတိပေး

  • 11 မေ 2017
ဓာတ်ပုံ မူပိုင် NARONG SANGNAK
Image caption ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်လို့မရ

ထိုင်းနိုင်ငံ ဘုရင်စနစ်ကို ဝေဖန်တဲ့ အကြောင်းအရာတွေကို Facebook လူမှုကွန်ယက်ပေါ်က ဖယ်မပေးရင် တရားစွဲမယ်လို့ ထိုင်းစစ်အစိုးရက Facebook ကို သတိပေးလိုက်ပါတယ်။

နောက်တပတ် အင်္ဂါနေ့ နောက်ဆုံးထားပြီး Facebook ပေါ်က ဖြုတ်ချခိုင်းတာ ဖြစ်ပါတယ်။

ထိုင်းအစိုးရက Facebook ကို ဖြုတ်ခိုင်းတဲ့ အကြောင်းအရာ အရေအတွက်က ၁၃ဝ လောက် ရှိပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်နဲ့ မင်းဆွေမင်းမျိုးတွေကို နည်းနည်းပါးပါး ဝေဖန်တာက အစ ခွင့်မပြုဘဲ တင်းတင်းကျပ်ကျပ် ထိန်းချုပ် ထားတာ ဖြစ်ပါတယ်။

အဲဒီ ထိန်းချုပ်တဲ့ ဥပဒေတွေကို လွန်ခဲ့တဲ့ ၃ နှစ်က အာဏာသိမ်းပြီး တက်လာတဲ့ စစ်အစိုးရ လက်ထက်မှာ ပိုမို ကျင့်သုံးလာတာကိုလည်း တွေ့ရပါတယ်။

ဒီလို စိစစ် ဖြတ်တောက်ဖို့ ဆိုင်ရာ နိုင်ငံ အစိုးရတွေ ဘက်က ကမ်းလှမ်းလာတာတွေ ရှိပြီး နိုင်ငံအလိုက် ဆိုင်ရာ ဥပဒေတွေနဲ့ ငြိစွန်းရင် ကိုင်တွယ်သွားမယ်လို့ပဲ Facebook ဘက်က တုံ့ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ