အိုင်ဗရီကို့စ်မှာ စစ်သားတွေ အစိုးရကို ပုန်ကန်ဆန္ဒပြ

  • 12 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီစစ်သားတွေဟာ သူပုန်ဘဝကနေ လာတဲ့ စစ်သားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က တပ်တွင်း ပုန်ကန်မှု လုပ်ခဲ့

အိုင်ဗရီကို့စ်အစိုးရစစ်သားတွေက ဆုကြေးတောင်းဆိုချက်ကို ရုတ်သိမ်းလိုက်ကြောင်း အစိုးရက ရုတ်တရက် ကြေညာခဲ့အပြီးမှာ မကျေနပ်တဲ့ စစ်သားတွေက သေနတ် ပစ်ဖောက်ခဲ့ကြပြီး လမ်းတွေ ပိတ်ဆို့ ဆန္ဒပြမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံရဲ့ မြို့တော် အဘစ်ဂျန်မှာ ရှိတဲ့ စစ်ဋ္ဌာနချုပ်နဲ့ တခြား မြို့ကြီးတွေမှာလည်း ပစ်ခတ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှာ စစ်သားတွေရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆုကြေးတောင်းဆိုမှု ရုတ်သိမ်းလိုက်ကြောင်း ကြေညာမှုမှာ စစ်သားတွေကို မတိုင်ပင်ခဲ့တဲ့အတွက် မကျေနပ်ပဲ အခုလို ဆန္ဒပြ ပုန်ကန်မှုတွေ ပြုလုပ်နေတာလို့ ယူဆနေကြတာ ဖြစ်ပါတယ်။

ဒီစစ်သားတွေဟာ သူပုန်ဘဝကနေ လာတဲ့ စစ်သားတွေ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က တပ်တွင်း ပုန်ကန်မှု လုပ်ခဲ့အပြီးမှာ အမေရိကန် ဒေါ်လာ ၈ ထောင် ဆုကြေးရဖို့ တောင်းဆိုထားခဲ့ကြတာ ဖြစ်ပြီး ဒီထဲက တချို့တဝက်ကို ဒီလမှာ ရဖို့ မျှော်မှန်းထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ