တောင်ကိုရီးယားသမ္မတသစ်က သမိုင်းဖတ်စာအုပ်တွေ ပြန်ပြောင်း

  • 12 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သမိုင်းသင်ကြားမှုကို နိုင်ငံရေးမှာ အသုံးမချသင့်တော့ဘူးလို့လည်း သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြော

တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်းက အထုတ်ခံရတဲ့ သမ္မတဟောင်း ပတ်ဂွန်ဟေး ကြီးကြပ်ထုတ်ဝေတဲ့ သမိုင်းဖတ်စာအုပ်တွေကို ပယ်ဖျက်လိုက်ပါတယ်။

ယခင် သမ္မတဟောင်း လက်ထက်ကမှ စတင် ထုတ်ဝေ သင်ကြားခဲ့တဲ့ သမိုင်းစာအုပ်တွေဟာ ခေတ်မမှီတော့ဘဲ၊ တဖက် စောင်းနင်းဖြစ်နေသလို သမိုင်းသင်ကြားမှုကို နိုင်ငံရေးမှာ အသုံးမချသင့်တော့ဘူးလို့လည်း သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုလိုက်ပါတယ်။

စစ်အာဏာရှင် ခေါင်းဆောင်ဟောင်း ပတ်ချွန်ဟီးရဲ့ သမီးလည်းဖြစ်တဲ့ သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့ အစိုးရဟာ လက်ဝဲယိမ်းပြီး၊ မြောက်ကိုရီးယားကို မျက်နှာသာပေးတဲ့ အမြင်တွေပါတဲ့ သမိုင်းစာအုပ်တွေကို ပြင်ရမယ်လို့ ပြောဆိုပြီး သမိုင်းဖတ်စာအုပ် အသစ်တွေကို ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

အခုလို သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့ သမိုင်းဖတ်စာ ပြောင်းလဲမှုတွေဟာ ဖြုတ်ချခံရတဲ့ သူ့ဖခင် နာမည်တက်အောင် လုပ်ဆောင်မှုဖြစ်တယ် ဆိုပြီးတော့လည်း လစ်ဘရယ် လက်ယာဝါဒီတွေက ဝေဖန်ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ