မြောက်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးလို

  • 13 မေ 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption အမေရိကန် သမ္မတ ထရမ့်ကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို အခြေအနေ အချိန်အခါကောင်းရောက်ရင် ဂုဏ်ယူစွာနဲ့ပဲ တွေ့ချင်ပါတယ်လို့ ပြောဆိုထားခဲ့

မြောက်ကိုရီးယားဟာ အခြေအနေ အချိန်အခါကောင်း ရရင် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ချင်တယ်လို့ မြောက်ကိုရီးယား ထိပ်တန်း သံတမန်တဦးက ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့ အမေရိကန်ရေးရာ ကြီးကြပ်သူ မစ္စ ချိုစွန်ဟွီးက နော်ဝေးနိုင်ငံက အပြန်မှာ အခုလို ပြောခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ယုံဟတ် သတင်းဋ္ဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ယခင် မြောက်ကိုရီးယားရဲ့ နိုင်ငံတကာနဲ့ နျူးကလီးယားကိစ္စ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ မစ္စ ချိုစွန်ဟွီးဟာ နော်ဝေးနိုင်ငံကို အမေရိကန်အစိုးရ အဖွဲ့ဝင်ဟောင်းတွေနဲ့ အစည်းအဝေးအတွက် သွားရောက်ခဲ့တာပြီး အဲဒီက အပြန် တရုတ်နိုင်ငံကို အဝင်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကလည်း အခုလ အစောပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို အခြေအနေ အချိန်အခါကောင်းရောက်ရင် ဂုဏ်ယူစွာနဲ့ပဲ တွေ့ချင်ပါတယ်လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ အခုလို အပြန်အလှန် ဖြေလျှော့တဲ့ စကားတွေ မပြောဆိုခင်မှာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတို့နဲ့ ဆက်စပ်ပြီး နှစ်နိုင်ငံ စစ်ရေး တင်းမာလာတဲ့ အခြေအနေအထိ ရောက်ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ