မြောက်ကိုရီးယား အနောက်ဘက် ကမ်းခြေကနေ ဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ဖွယ်ရှိ

  • 13 မေ 2017
Image caption ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာတွေ ဆက်တိုက် ဆိုသလို အကြိမ်ကြိမ် ပြုလုပ်

မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ဖွယ် ရှိတယ်လို့ တောင်ကိုရီးယား သတင်းဌာန ယန်းဟက်ပ်က ပြောနေပါတယ်။

မြောက်ကိုရီးယား အနောက်ဘက် ကမ်းရိုးတန်းကနေ အမျိုးအမည် မသိရတဲ့ ပစ္စည်း ပစ်လွှတ်ခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်တော့ မသိရ သေးပါဘူး။

တောင်ကိုရီးယား နိုင်ငံမှာ မွန် ဂျေ-အင်း သမ္မတသစ် ဖြစ်လာပြီး ရက် အနည်းငယ် အတွင်းမှာပဲ မြောက်ကိုရီးယားက အခုလို လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ဘက်က အခုနှစ် အတွင်းမှာ ဒုံးကျည် စမ်းသပ် ပစ်လွှတ်တာတွေ ဆက်တိုက် ဆိုသလို အကြိမ်ကြိမ် ပြုလုပ် ခဲ့တဲ့ အတွက် အမေရိကန်နဲ့ အကြား တင်းမာမှုတွေ မြင့်တက် နေပါတယ်။

နိုင်ငံတကာရဲ့ ပြစ်တင်မှုတွေနဲ့ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေ ကြားထဲကပဲ ပြုံယမ်း အစိုးရ က သူတို့ရဲ့ နျူကလီယာ ရည်မှန်းချက် ပြည့်မှီအောင်လည်း အခုနှစ်ပိုင်းတွေ အတွင်း အရှိန်မြှင့် လုပ်ဆာင် လာနေပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ပြုလုပ်ခဲ့တဲ့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှု နှစ်ကြိမ်စလုံး မှာတော့ ပစ်လွှတ်ပြီး မိနစ် အနည်းငယ် အကြာမှာပဲ ပေါက်ကွဲ ခဲ့ပြီး မအောင်မမြင် ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ