ပြင်သစ်အနာဂတ် စိတ်ချရစေမယ်လို့ သမ္မတသစ် ကတိပေး

  • 14 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လာမယ့် တနင်္လာနေ့မှာတော့ ပြင်သစ် ဝန်ကြီးချုပ် ဘယ်သူ ဖြစ်မလဲ ဆိုတာကို သမ္မတသစ် မာခွန်းက ကြေညာမှာ ဖြစ်ပါတယ်

ပြင်သစ်သမ္မတသစ် အီမန်နွဲ မာခွန်းက ပြင်သစ်ပြည်သူတွေ အနေနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ပိုပြီး စိတ်ချလာအောင် ပြန်လုပ်ပေးမယ်လို့ သမ္မတသစ်ခံယူပွဲ မိန့်ခွန်းမှာ ကတိပေးလိုက်ပါတယ်။

ဆက်လက်ပြီး မစ္စတာ မာခွန်းက ခေတ်သစ် ပြဿနာတွေဖြစ်တဲ့ ဒုက္ခသည်ကိစ္စ၊ အကြမ်းဖက်ဝါဒ၊ အရင်းရှင်ဝါဒရဲ့ဘေးထွက်ဆိုးကျိုးနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ အတွက် ပြင်သစ်ကအဖြေရှာဖို့လိုနေကြောင်း ပြောဆိုထားပါတယ်။

မစ္စတာ မာခွန်းက

ဥရောပ အနေနဲ့လည်း အကာအကွယ်မဲ့သူတွေကို ထိထိရောက်ရောက် အကာကွယ်ပြန်ပေးနိုင်ဖို့၊ ရည်ရှည်တည်တံ့ နိုင်ဖို့အတွက်ဆိုရင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရပါတော့မယ်

လို့လည်း ထပ်မံ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

အခုလို မစ္စတာ မာခွန်းက အီလီဆေး နန်းတော် မှာ မိန့်ခွန်းမပြောခင်မှာ သမ္မတဟောင်း ဖရန်းဆွား အိုလွန်းက ပြင်သစ်ရဲ့ နျူးကလီးယားလက်နက် ပစ်ဖို့ ဝှက်စာကို တာဝန်အရ သမ္မတသစ်ကို လွှဲပြောင်းပေးခဲ့ပြီး နန်းတော်ကနေ ထွက်ခွာသွားခဲ့ပါတယ်။

လာမယ့် တနင်္လာနေ့မှာတော့ ပြင်သစ် ဝန်ကြီးချုပ် ဘယ်သူ ဖြစ်မလဲ ဆိုတာကို သမ္မတသစ် မာခွန်းက ကြေညာမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ