မြောက်ကိုရီးယားစမ်းပစ်လိုက်တဲ့ ဒုံးကျည်က အမျိုးအစားသစ်ဖြစ်နေ

  • 14 မေ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အခုလို ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ မိနစ် သုံးဆယ်လောက် ပျံသန်းနိုင်ခဲ့ပြီး ဂျပန် ပင်လယ်ထဲကို ကျရောက်သွားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက မနေ့က စမ်းသပ်လိုက်တဲ့ ဒုံးကျည်ဟာ တခါမှ မှတ်တမ်းမဝင်ဖူးတဲ့ အမျိုးအစားသစ် ဖြစ်နိုင်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး တိုမိုမီ အင်နာဒါက တကြိမ်မှာ မြောက်ကိုရီးယားဟာ ပထမဆုံးအနေနဲ့ ဒုံးကျည်တခုကို မြေပြင်အမြင့် ကီလိုမီတာ ၂၀ဝ၀ ကျော်အထိ ရောက်အောင် ပစ်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။

အခုလို ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ မိနစ် သုံးဆယ်လောက် ပျံသန်းနိုင်ခဲ့ပြီး ဂျပန် ပင်လယ်ထဲကို ကျရောက်သွားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြေလည်လိုတယ်တဲ့ ယူဆကြတဲ့ တောင်ကိုရီးယား သမ္မတသစ် မွန်ဂျေအင်းက အခုလို စမ်းသပ်မှုဟာ အဆင်ခြင်မဲ့ ရန်စတာပဲလို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရကလည်း မြောက်ကိုရီးယားဟာ ဗြောင်ကျကျ ခြိမ်းခြောက်နေတာ ကြာနေပြီလို့ ပြောဆိုလိုက်ပြီး စီးပွားရေး ပိတ်ဆို့မှုတွေ ထပ်တိုးရမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ