Facebook ပိတ်မယ်ဆိုတဲ့ ထိုင်းခြိမ်းခြောက်မှု ပြန်ရုပ်

  • 16 မေ 2017
ဓာတ်ပုံ မူပိုင် RUNGROJ YONGRIT
Image caption ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကို ဝေဖန်လို့မရ

Facebook လူမှုကွန်ရက်က ထိုင်းအာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ အတွက် ထိုင်းနိုင်ငံမှာ Facebook ကို ပိတ်ပင်မယ်ဆိုတဲ့သူတို့ရဲ့ ခြိမ်းခြောက်မှုကို ပြန်ရုပ်သိမ်းလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်း တော်ဝင် မိသားစုကို အသရေဖျက်မှုနဲ့ပတ်သက်တဲ့ တင်းကျပ်တဲ့ ဥပဒေကို ချိုးဖောက်ရာရောက်တဲ့ စာမျက်နှာ ၁၃၀ ကျော်ကို ည ၁၀ နာရီ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ထိုင်းအစိုးရက Facebook ကို ပြောထား ပါတယ်။

Facebook မှာ တင်ထားတဲ့ ဥပဒေ ချိုးဖောက်ရာ ရောက်တယ်ဆိုတဲ့ ရေးသားချက် တွေကို ဖယ်ရှားဖို့ တောင်းဆိုနိုင်ရေး အတွက် ထိုင်းအရာရှိတွေက တရားရုံးအမိန့် ရဖို့ ကြိုးစားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ