လာအို လှုပ်ရှားသူတွေ ထောင်နှစ်ရှည်ချ

  • 16 မေ 2017
ဓာတ်ပုံ မူပိုင် STR
Image caption တပါတီ စနစ် ကျင့်သုံးတဲ့ ကွန်မြူနစ် လာအိုနိုင်ငံ

လာအိုမှာ အစိုးရ ဆန့်ကျင်တဲ့ တက်ကြွ လှုပ်ရှားသူ ၃ ယောက်ကို ၁၂ နှစ်ကနေ အနှစ် ၂ဝ ထိ ထောင်ဒဏ်တွေ ပေးလိုက်တယ်လို့ လူ့အခွင့်အရေး အုပ်စု တစုက ပြောပါတယ်။

ဒီလူတွေဟာ ထိုင်းနိုင်ငံမှာ ရောက်နေတုန်း Facebook ပေါ်ကနေပြီး လာအို အစိုးရကို ဝေဖန်တဲ့ သတင်းစာသားတွေ လွှင့်တင်ခဲ့တယ်ဆိုပြီး စွဲဆို ခံရတာလို့ ပဲရစ် အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ် က ပြောပါတယ်။

ဒီလူတွေက ဘန်ကောက်က လာအို သံရုံးရှေ့မှာ ကျင်းပတဲ့ ဆန္ဒပြပွဲ တခုမှာ ပါဝင်ခဲ့ပါတယ်။

သူတို့ လာအို ပြန်ရောက်တဲ့အခါ ဖမ်းဆီးခံခဲ့ရပါတယ်။

လာအိုဟာ တပါတီ စနစ် ကျင့်သုံးတဲ့ ကွန်မြူနစ်နိုင်ငံ ဖြစ်ပြီး အစိုးရ ဆန့်ကျင်ရေးတွေကို ခွင့်ပြုလေ့ မရှိပါဘူး။