ရုရှားနဲ့ လုံခြုံရေးဆွေးနွေးခဲ့လို့ ထရမ့်ဝန်ခံ

  • 16 မေ 2017
ဓာတ်ပုံ မူပိုင် HO
Image caption ထရမ့်နဲ့ လာဗရော့ဗ် ဝါရှင်တန်မှာ တွေ့

အမေရိကန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံခြားရေးဝန်ကြီနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ လေကြောင်းလိုင်း လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဝန်ခံ ပြောဆိုလိုက် ပါတယ်။

သူ့အနေနဲ့ I-S နဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရေး ထူထောင်လိုတဲ့ အတွက် ရုရှားနဲ့ သတင်းအချက်အလက် မျှဝေဖို့ သူ့မှာ အခွင့်အရေး အပြည့်အဝ ရှိတယ်လို့ သမ္မတ ထရမ့်က သူ့တွစ်တာမှာ ရေးခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ် မှာ ထိပ်တန်း လျှို့ဝှက် ထောက်လှမ်းရေး သတင်းပြောခဲ့တယ်ဆိုတဲ့ သတင်းတွေမဟုတ်မမှန်ဘူးလို့ အိမ်ဖြူတော်က ပယ်ချခဲ့ပြီးနောက် သမ္မတ ထရမ့်က အခုလို ရေးသား ခဲ့တာဖြစ်ပါတယ်။

အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေးအရာရှိ H R McMaster က သမ္မတထရမ့် အနေနဲ့ အမေရိကန် ပြည်သူတွေရဲ့ လုံခြုံရေးထက် ဘာမှပိုအရေးကြီးတာ ဘာမှ မရှိဘူးလို့ သဘောထားကြောင်းပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ