ဆိုက်ဘာတိုက်ခိုက်မှု မြောက်ကိုရီးယား ပါနိုင်

  • 16 မေ 2017
ဓာတ်ပုံ မူပိုင် YONHAP
Image caption ပုံမှန် ပြန်ဖြစ်အောင် ငွေပေးရမယ်လို့ တောင်းဆိုခဲ့

ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံပေါင်း ၁၅၀ က ကွန်ပျူတာတွေထိခိုက်ခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုမှာ မြောက်ကိုရီးယား ပါဝင် ပတ်သက်နိုင်တယ်လို့ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တိုက်ခိုက်မှုတွေတုန်းက မြောက်ကိုရီးယားက အသုံးပြုခဲ့တယ်ဆိုတဲ့ ကွန်ပျူတာ သင်္ကေတ code ကို အခုနောက်ဆုံး တိုက်ခိုက်မှုမှာ တွေ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ အခိုင်အမာပြောနိုင်မယ့် သက်သေအထောက်အထားကတော့ အတော် အလှမ်းဝေးနေသေးတယ်လို့ ဆိုပါတယ်။

သင်္ကေတ code နဲ့ ယှဉ်ပြောရင် ပြဿနာ ရှိနိုင်ပါတယ်၊ ဟက်ကာတွေက တယောက်ရဲ့ code ကို တယောက် ခိုးယူသုံးနေကြလို့ပါလို့ ဗြိတိန် လုံခြုံရေးဆိုင်ရာ ပညာရှင် ပါမောက္ခ ပါမောက္ခ Peter Sommer က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဘဏ်တွေ၊ ဆေးရုံတွေနဲ့ အဖွဲ့အစည်းတွေသုံးတဲ့ ကွန်ပျူတာတွေကို ဗိုင်းရပ်စ်နဲ့ တိုက်ခိုက်ခံရလို့ အသုံးမပြုနိုင် ဖြစ်ခဲ့ပြီး ပုံမှန် ပြန်ဖြစ်အောင် ငွေပေးရမယ်လို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ တက္ကသိုလ်တွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။