ကန်သမ္မတရွေးပွဲ ရုရှား ဝင်စွက်လား စုံစမ်းဖို့ FBI ညွှန်မှူးဟောင်းကိုခန့်

  • 17 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption FBI ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူးဟောင်း Robert Mueller

ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှား ပါဝင် စွက်ဖက်မှု ရှိတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် အစိုးရ အထူးရှေ့နေအဖြစ် FBI ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူးဟောင်း Robert Mueller ကို အမေရိကန် တရားရေး ဌာနက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ရုရှားအစိုးရနဲ့ မစ္စတာ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်တဲ့အဖွဲ့ အကြား ပူးပေါင်းလိမ်လည်ဖို့ ညှိထားတာမျိုး ရှိမရှိ ဆိုတာကိုလည်း သူက စစ်ဆေးသုံးသပ်မှာ ဖြစ်ပါတယ်။

ဒီစစ်ဆေးမှုကို သီးခြားလွတ်လပ်တဲ့ ပုဂ္ဂိုလ်တဦးက ဦးဆောင်ခိုင်းတာဟာ လူထု အကျိုးအတွက် ဖြစ်တယ်လို့ တရားရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ