ဥရောပလေကြောင်းလိုင်းတွေမှာ laptopယူခွင့်မပိတ်ဖို့ ဆုံးဖြတ်

  • 18 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိကဒေသ နိုင်ငံအတော်များများက လာတဲ့ လေကြောင်းခရီးစဉ်တွေမှာ လက်ဆွဲ သေတ္တာတွေထဲ laptop ယူခွင့်မပြု

အမေရိကန် လေကြောင်း ခရီးစဉ်တွေအတွင်း လက်ဆွဲသေတ္တာတွေထဲမှာ laptops အိတ်ဆောင် ကွန်ပြူတာတွေ သယ်ယူခွင့် မပြုဖို့ တားမြစ်ထားချက်ကို ဥရောပ လေကြောင်းခရီးစဉ်တွေမှာ မပြဌာန်းဖို့ ဥရောပနဲ့ အမေရိကန် တာဝန်ရှိပုဂ္ဂိုလ်တွေက ဆုံးဖြတ်လိုက်ပါတယ်။

ဘရပ်ဆဲလ်စ်မြို့မှာ ၄နာရီကြာ ဆွေးနွေးခဲ့အပြီးမှာ အခုလို ဆုံးဖြတ်ခဲ့တာပါ။

laptops တွေကို ဖောက်ခွဲပစ္စည်းအဖြစ် အသုံးပြုမယ် ဆိုတဲ့ သတင်းအချက်အလက်သစ်တွေကို အမေရိကန် အစိုးရက ရထားတယ်ဆိုတဲ့ သတင်းတွေ လတ်တလော ထွက်လာခဲ့အပြီးမှာ အခုလို ဆွေးနွေးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမေရိကန်သမ္မတ ထရမ့်က ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကို လျှို့ဝှက် သတင်းအချက်အလက်တွေ ပြောပြခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

မတ်လတုန်းက အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက ဒေသ နိုင်ငံ အတော်များများက လာတဲ့ လေကြောင်း ခရီးစဉ်တွေမှာ လက်ဆွဲ သေတ္တာတွေထဲ အီလက်ထရောနစ် ပစ္စည်း အကြီးတွေ သယ်ယူခွင့်ကို အမေရိကန် အစိုးရက တားမြစ်ခဲ့ပါတယ်။