ဖိလစ်ပိုင်မှာ အများပြည်သူ သွားလာတဲ့နေရာတွေ ဆေးလိပ်သောက်ခွင့်ပိတ်

  • 19 မေ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဒူတာတေးဟာ ဖိလစ်ပိုင်လူ့အဖွဲ့အစည်းပိုပြီး စနစ်ကျလာဖို့ ရည်ရွယ်ချက်နဲ့ အခုလို စည်းကမ်းတွေ ထုတ်ဖို့ ကတိပေးထားခဲ့ဖူးပြီး ဒီထဲမှာ ညဘက် ကာရာအိုကေဆိုခွင့် ပိတ်ပင်တဲ့ ကိစ္စကလည်း တခုအပါအဝင် ဖြစ်

ဖိလစ်ပိုင်နိုင်ငံက အများပြည်သူသွားလာတဲ့ နေရာတွေမှာ ဆေးလိပ်သောက်တာကို တားမြစ်တဲ့ ဥပဒေကို သမ္မတ ရိုဒရီဂို ဒူတားတေးက လက်မှတ်ထိုး အတည်ပြုလိုက်ပါတယ်။

အခုလို ပြဋ္ဌာန်းမှုဟာ အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာ ဆေးလိပ်နဲ့ ပတ်သက်ပြီး အတင်းကြပ်ဆုံး ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေထဲက တခုလည်း ဖြစ်ပါတယ်။

ဒီဥပဒေဟာ နောက် ၂ လအတွင်းမှာ အတည်ဖြစ်မှာဖြစ်ပြီး အများပြည်သူသွားလာတဲ့ အလုံပိတ်နေရာတွေမှာ ဆေးလိပ်သောက်တာနဲ့ ရောင်းတာကိုပါ တားမြစ်မှာ ဖြစ်ပြီး ကျောင်းအနီးနဲ့ ပန်းခြံတွေမှာလည်း ဆေးလိပ်သောက်ခွင့် တားမြစ်မှာ ဖြစ်ပါတယ်။

မစ္စတာ ဒူတာတေးဟာ ဖိလစ်ပိုင်လူ့အဖွဲ့အစည်းပိုပြီး စနစ်ကျလာဖို့ ရည်ရွယ်ချက်နဲ့ အခုလို စည်းကမ်းတွေ ထုတ်ဖို့ ကတိပေးထားခဲ့ဖူးပြီး ဒီထဲမှာ ညဘက် ကာရာအိုကေဆိုခွင့် ပိတ်ပင်တဲ့ ကိစ္စကလည်း တခုအပါအဝင် ဖြစ်ပါတယ်။

ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးရဲ့ ပြောကြားချက်အရ အရွယ်ရောက်သူ ဖိလစ်ပိုင်လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ကြတယ်လို့ သိရပါတယ်။