အလုပ်ထုတ် ခံခဲ့ ရတဲ့ FBI ဒါရိုက်တာဟောင်း လာရောက် အစစ်ခံမယ်

  • 20 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အိမ်ဖြူတော်ကို ရုရှား အဆင့်မြင့် အရာရှိတွေ လာရောက်စဉ်

အရင် FBI ညွှန်မှူး ဂျိမ်းကိုမီ ကို အလုပ် က ဖြုတ်ပစ် လိုက်တဲ့ အတွက် သူ့အတွက် ဝန်ထုတ်ဝန်ပိုး လျော့ကျသွားတဲ့ အကြောင်း၊ နောက်ပြီး မစ္စတာ ကိုမီဟာ တဇွတ်ထိုး လုပ်တတ်သူ ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗရော့ နဲ့ အတူ ရုရှ အစိုးရ ထိပ်တန်း အရာရှိတွေကို အိမ်ဖြူတော် မှာ လက်ခံ တွေ့ဆုံ ကြစဉ် ပြောကြားခဲ့တယ်လို့ အမေရိကန် က မီဒီယာ တွေ မှာ ထွက်ပေါ် လာခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတထရမ့် ရဲ့ ပြောကြားချက်တွေ ဟာ သူ့ အကျိုးထက် နိုင်ငံရဲ့ အကျိုးစီးပွား ကို ဦးစားပေး ပြောခဲ့တာလို့ သူနဲ့ နီးစပ်တဲ့ အိမ်ဖြူတော် အရာရှိ တယောက်က ဆိုပါတယ်။

အထူးသဖြင့် ရုရှ နဲ့ အမေရိကန် ဆက်ဆံရေး ပြေလည်အောင် စွမ်းဆောင်နေချိန် မှာ အခုလို မလိုလားအပ်တဲ့ စုံစမ်းမှု တွေ ကို အက်ဖ်ဘီအိုင်က လုပ်နေခြင်း ဟာ နိုင်ငံရေး အကွက် ထွင်တဲ့ ပုံစံ လို့ ဆိုထားတဲ့ ကြေညာချက် ကိုလည်း အိမ်ဖြူတော် က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုတော့ ဒီကိစ္စ ကို ဥပဒေကြောင်းအရ ရုရှနဲ့ သမ္မတ ထရမ့် ဆက်သွယ်မှု အပေါ် စုံစမ်းမှု စတင်ရာမှာ သမ္မတထရမ့် ရဲ့ အနီးကပ် အကြံပေး အရာရှိ တဦး ကို ခေါ်ယူ စစ်ဆေးနေကြောင်း ဝါရှင်တန်ပို့စ် သတင်းစာ က ဆိုပါတယ်။

ဒီစုံစမ်းစစ်ဆေးမှု ကိုလည်း အက်ဖ်ဘီအိုင် ညွှန်းမှူးဟောင်း ရောဘတ် မာလား က ဦးဆောင်စစ်ဆေး နေတာ ဖြစ်ပြီး စုံစမ်းမှု ဟာ စနစ်တကျ နဲ့ စိတ်ရှည်ရှည်ထား လုပ်ဆောင် ဖို့ လိုသလို ဘက်လိုက်မှု လည်း ကင်းဖို့ လိုတဲ့ အပြင် ထွက်လာသမျှ သတင်းတွေ အပေါ် မှာ လိုရာဆွဲယူပြီး ကောက်ချက် ချလို့ မဖြစ်နိုင်ကြောင်း ရီပတ်ဘလီကင် ကွန်ဂရက်စ် အမတ် ဝီလ်ဟဒ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ