အီတလီမှာ ကျောင်းစအပ်တာနဲ့ ကာကွယ်ဆေး ထိုးထားရမယ်

  • 20 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အီတလီမှာ ကလေးတွေ မဖြစ်မနေ ကာကွယ်ဆေး ထိုးရတော့မယ်

အီတလီမှာ ကလေးတွေ ကျောင်းအပ်ရင် မဖြစ်မနေ ကာကွယ်ဆေး ထိုးပြီးသား ဖြစ်ရမယ် ဆိုတဲ့ အမိန့် ဒီကရီ တရပ်ကို အစိုးရက အတည်ပြု ပြဌာန်း လိုက်ပါတယ်။

ကလေးတွေမှာ ကာကွယ်ဆေး ထိုးမှုနှုန်း ဟာ သတ်မှတ်ထားတဲ့ အဆင့်ထက် လျော့ကျလာတဲ့ အတွက် ၀က်သက်လို ရောဂါ ဖြစ်ပွားမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။

အခုဆိုရင် ကလေးတွေဟာ မူကြို ၊ ကလေးထိန်းကျောင်း တက်တော့မယ် ဆိုတာနဲ့ ၀က်သက် ၊ ပိုလီယို ၊ အသည်းရောင် ဘီပိုးနဲ့ နှာခေါင်း ၊ လည်ချောင်း ၊ အရည်ပြားတို့မှာ ဖြစ်တက်တဲ့ ရောဂါပိုး အပါအဝင် ရောဂါ ၁၂ မျိုး ကာကွယ်ဆေး ကို မဖြစ်မနေ ထိုးကြရမှာ ဖြစ်ပါတယ်။

တကယ်လို့ အသက် ခြောက်နှစ်ပြည့်လို့ မဖြစ်မနေ ကျောင်းအပ်ရတော့မယ့် ကလေးတယောက်ဟာ ဒီ ကာကွယ်ဆေးတွေ ထိုးမထားဘူး ဆိုရင် မိဘတွေ အနေနဲ့ ဒဏ်ကြေး အကြီးအကျယ် ပေးဆောင်ရဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ