ဂျပန်မှာ ဘွဲ့ရတွေ စံချိန်တင် အလုပ်ရလာ

  • 20 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုလို စစ်တမ်းကို စတင်ကောက်ယူခဲ့တဲ့ ၁၉၇၃ နောက်ပိုင်း ပထမဆုံး စံချိန်ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်

ဂျပန်နိုင်ငံမှာ ဘွဲ့ရလူငယ်တွေအတွက် အလုပ်ရဖို့အခွင့်အလမ်းဟာ စံချိန်တင် ကောင်းမွန်လာခဲ့ပြီး ဒီနှစ်ထဲ ဘွဲ့ရသူအရေအတွက်ရဲ့ ၉၇ ရာခိုင်နှုန်းအထိ အလုပ်ရခဲ့ကြတယ်လို့ သိရပါတယ်။

ဒါဟာ အခုလို စစ်တမ်းကို စတင်ကောက်ယူခဲ့တဲ့ ၁၉၇၃ နောက်ပိုင်း ပထမဆုံး စံချိန်ချိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်သမား အရေအတွက် ဆိုးဆိုးရွားရွား ရှားပါးမှုအပြင် အစိုးရဘက်ကလည်း နိုင်ငံခြားသား အလုပ်သမားတွေ များများ လက်ခံဖို့ တွန့်ဆုတ်နေတာကြောင့် ဂျပန်နိုင်ငံက ဘွဲ့ရတွေကိုသာ အလုပ်ခန့်တဲ့ လုပ်ငန်းရှင်တွေဟာ အထက်တန်း ကျောင်းသားနဲ့ အတတ်ပညာသင်ကျောင်းက ကျောင်သားတွေကို အလုပ်ခန့်ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

ဂျပန်ရဲ့ စီးပွားရေးဟာ နှစ်ပေါင်းများစွာ တိုးတက်မှုမရှိပဲ ဖြစ်နေရာကနေ ဆယ်နှစ်အတွင်း တိုးတက်နေတဲ့ ကာလ အကြာဆုံး စံချိန်တင်တဲ့အထိ လတ်တလော ကောင်းမွန်လာခဲ့တာ ပြီး တနှစ်လုံး တိုးနှုန်းအနေနဲ့ ၂.၂ ရာခိုင်နှုန်းအထိ ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ