ကုတ်ကင်းရောင်းသူ လူ ၄ဝ နီးပါး အစုလိုက်အပြုံလိုက် အဖမ်းခံရ

  • 21 မေ 2017
Image caption ကုတ်ကင်း လွတ်လပ် နယ်မြေ

ဘရာဇီးနိုင်ငံရဲ့ အဓိက စီးပွားရေး အချက်အချာမြို့ ဖြစ်တဲ့ ဆောင်မ်ပေါင်လိုရဲ့ မြို့လယ်မှာ မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ လူပေါင်း အယောက် ၄ဝ နီးပါးကို ရဲက ဖမ်းဆီး လိုက်ပါတယ်။

ဆောင်မ်ပေါင်လိုမှာ ခရက်ကုတ်ကင်းလို့ ခေါ်တဲ့ မီးရှို့ပြီး ရှုသွင်းနိုင်တဲ့ ကုတ်ကင်းအခဲတွေ ရောင်းဝယ် ဖောက်ကားနေတာ၊ လွတ်လွတ်လပ်လပ် သုံးစွဲနေတာ နှစ်များစွာ ရှိနေပြီ ဖြစ်ပါတယ်။

အခု အခါမှာတော့ ဘရာဇီးရဲတပ်ဖွဲ့က လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ အင်အား ၅ဝဝ ကို အသုံးပြုပြီး မူးယစ် နှိမ်နှင်းရေး စီမံကိန်း ဆောင်မ်ပေါင်လိုမှာ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဒီလို ရဲတပ်ဖွဲ့ရဲ့ တင်းကြပ်လာမှု အပေါ် မူးယစ်ဆေး စွဲနေသူတချို့ ဒေါသတကြီး တုံ့ပြန် ခဲ့ကြပြီး၊ လမ်းဘေး ရပ်ထားတဲ့ မော်တော်ယာဉ်တွေကို ဖျက်စီးတာမျိုး၊ စျေးဆိုင်တွေထဲ ဝင်လုတာမျိုးတွေ ပြုလုပ် ခဲ့ပါတယ်။

ခရက်လဲန်း လို့ အမည်တွင် လောက်အောင် ကုတ်ကင်း လွတ်လပ် နယ်မြေသဖွယ် ဖြစ်နေတဲ့ နေရာကို အဆုံး သတ်လိုက်ပြီလို့ ဆောင်မ်ပေါင်လို ဂျိုအောင် ဒိုရီးယားက ပြောပါတယ်။

အခု စီမံကိန်းဟာ ပြဿနာရဲ့ ရင်းမြစ်ကို ဖြေရှင်းတာမျိုး မဟုတ်ပဲ အဲဒီနေရာမှာ ကုတ်ကင်းမရရင်၊ နောက်တစ်နေရာကို ရွှေ့သွားမှာပဲ ဆိုပြီး ဝေဖန် သူတွေကတော့ သုံးသပ် နေကြပါတယ်။