အီရန်ရဲ့ အကြမ်းဖက် လုပ်ရပ် ချက်ချင်း ရပ်ဖို့ အစ္စရေးရောက် ထရမ့်ပြော

  • 22 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးကို ရောက်လာတဲ့ အမေရိကန် သမ္မတ ထရမ့် ကို ကြိုဆို

အစ္စရေးကို ရောက်လာတဲ့ အမေရိကန် သမ္မတ ထရမ့်က သူ့အဆိုအရ အီရန် အနေနဲ့ အကြမ်းဖက်သမားတွေနဲ့ သူတို့ကို ထောက်ခံတဲ့ လက်နက်ကိုင် အဖွဲ့တွေကို သင်တန်းပေး ၊ ငွေကြေး ထောက်ပံ့တာကို ချက်ချင်း ရပ်ဖို့ ပြောကြားလိုက်ပါတယ်။

အီရန်ကို နျူကလီးယား လက်နက် တပ်ဆင်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘဲ အီရန်ရဲ့ လုပ်ဆောင်ချက်တွေဟာ အစ္စရေးရဲ့ အနားတဝိုက်က အာရပ် နိုင်ငံတွေပေါ် ခြိမ်းခြောက် နေတယ်လို့ သူက ဆိုပါတယ်။

အခုလို စွပ်စွဲ ပြောကြားချက်တွေကို အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီက ပယ်ချလိုက်ပြီး ဒေသတွင်း တည်ငြိမ်မှု ရဖို့ ဆိုရင် အီရန် အကူအညီ မပါဘဲ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မစ္စတာ ထရမ့်ဟာ ဆော်ဒီအာရေဗျ ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရောက်လာခဲ့ပြီး မွတ်ဆလင် နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။

သူ့အနေနဲ့ အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အကြီးအကျယ် မျှော်လင့်ထားတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ပြောပါတယ်။

အခုအခါ ဒေသတွင်းမှာ ငြိမ်းချမ်းရေးကို အတူတကွ ဖော်ဆောင်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ပူးပေါင်း လုပ်ဆောင်ဖို့ ရှားရှားပါးပါး အခွင့်အရေး ရှိပါသေးတယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ